Main menu

Background

ဖျာပုံမြို့နယ်မှ အသင့်စားငါးနှပ်ခြောက်ကင် လုပ်ငန်းများ ပွင့်လင်းရာသီအချိန်တွင် မှာယူသူများ၍ ပိုမိုအရောင်းသွက်နေ

Wed, 11/09/2016 - 15:31 -- journal_editor

ဖျာပုံမြို့မှာ ဆန်စပါးလုပ်ငန်းနဲ့ ရေထွက်ကုန်  လုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ်  အသက်မွေး ရပ်တည်ကြပြီး ရေထွက်ကုန်ပစ္စည်းများ အနက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်တဲ့   အသင့် စားငါး နှပ်ခြောက်ကင် လုပ်ငန်းဟာ အခုလိုပွင့် လင်းရာသီချိန်တွင် မှာယူသူများပြား လာသဖြင့်   လုပ်ငန်းလုပ်ကိုင်သူများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာခဲ့ကြရ ကြောင်း သိရပါတယ်။
ဖျာပုံမြို့တွင် အသင့်စား  ငါးနှပ် ခြောက်ကင်လုပ်ငန်း လုပ်ကိုင်သူ ခုနစ် ဦးရှိရာ အဆိုပါလုပ်ငန်းခွင်များသို့ စား သုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးစိုးမင်းထိုက်၊ ဒုတိယ မြို့နယ်ဦးစီး မှူး   ဦးမင်းဇော်နဲ့ ဝန်ထမ်းများ ဟာ အောက်တိုဘာ ၂၆ရက်က ကွင်းဆင်း လေ့လာ အကြံပြုခဲ့ကြကြောင်း သိရပါ တယ်။
ငါးနှပ်ခြောက်ကုန်ကြမ်းကို ဖျာပုံ ကလည်း မှာယူရရှိသလို ဘုရင့်နောင် ပွဲရုံကလည်း လိုအပ်တဲ့အခါ မှာယူရရှိ ပါတယ်။ တစ်ပိဿာကို ရှစ်ထောင်ကျပ် ဈေးရှိပြီး၊ တစ်လကို ပိဿာချိန် ၁၅၀-၂၀၀ လောက် ဝယ်ယူရပါတယ်။ ငါးနှပ် ခြောက် ကင် မှာယူတဲ့ မြို့တွေကတော့ ဖျာပုံ၊   ဘိုကလေး၊  ပုသိမ်၊  ပြည်နဲ့ ရန်ကုန်မြို့တွေက   မှာယူကြပါတယ်။ ထုတ်လုပ်တဲ့အခါ အရွယ်အစား အမျိုး မျိုးရှိပါတယ်။ တစ်ဆယ့်ငါးကျပ်သားပါ အထုပ်သေး ကျပ် ၄၀၀၊ သုံးဆယ်ကျပ် သား ပါ အထုပ်ကြီး ကျပ်  ၈၀၀၊ လေး ဆယ်ကျပ်သားပါ   ဘူးအသေး ကျပ် ၁၃၀၀၊ ရှစ်ဆယ့်ငါးကျပ်သားပါ   ဘူး အကြီး ကျပ် ၂၇၀၀ ဆိုပြီး ဖောက်သည် ပေးရပါတယ်။ လုပ်ငန်းမှာ လုပ်ကိုင်နေ တဲ့ လုပ်သားက ငါးဦးရှိပြီး   ငါးနှပ် ခြောက် ကင် တစ်ပိဿာလုပ်ပြီး တိုင်း တစ်ဦးကို တစ်ထောင်ကျပ်   ပေးရပါ တယ်။ သူ့ဖောက်သည်နဲ့ သူကတော့ ဈေးကွက်ရှိပါတယ်။ ဒါပေမယ့် အဏ္ဏ ဝါဇော် အသင့်စား ငါးနှပ်ခြောက်ကင် ကိုတော့ ဈေးကွက်မှာမီအောင် မယှဉ် နိုင်သေးကြောင်း သိရပါတယ်။
စားသုံးသူရေးရာ ဦးစီးဌာနက အကြံပြုတဲ့အတိုင်း ငါးခြောက်ကင်ဖိုကို အဆင့်ဆင့်ပြန်ပြင်ပြီး   ထုတ်လုပ်ရာမှာ အတော် အဆင်ပြေပါတယ်လို့ သစ်ထူး အောင် အသင့်စား ငါးနှပ်ခြောက်ကင် လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်အေးက ပြောပါ တယ်။ နောက်ထပ်လိုအပ်သည့်  နည်း ပညာအဆင့်မြင့်    ထုတ်လုပ်နိုင်ရေး အတွက် စက်ကိရိယာ သုံးစွဲနည်းများနဲ့ အခြား လိုအပ်ချက်များအား စားသုံးသူ ရေးရာဦးစီးဌာနမှ ဖြည့်ဆည်း အကြံ ပြုခဲ့ကြောင်း သိရပါတယ်။
မင်းဇော်မွန် (ဖျာပုံ)