Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြယ်ပဲများ စတင်စိုက်ပျိုး

Tue, 02/21/2017 - 10:47 -- journal_editor

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ ဗန်းမောက်၊ ပုလဲ၊ ဟုမ္မလင်းမြို့နယ်တို့တွင် ကြယ်ပဲကို တစ် ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးလာကြောင်း၊ စိုက်ဧက၂၅ ဧကခန့်ရှိနိုင်ကြောင်း မုံရွာမြို့ရှိ  ခြံရှင်တစ်ဦးထံ မှ သိရပါတယ်။ မုံရွာမြို့ နယ်တွင် စိုက်ပျိုးသက် နှစ်နှစ်ခန့်ရှိ ခြံတစ်ခြံမှာ အသီးများစတင်ထွက်ပေါ်နေပြီဖြစ်ရာ အသီးကိုလှော်၍ စားသောက်ကုန်ပစ္စည်း အဖြစ် ဈေးကွက်တင်ရောင်းချနေပြီလို့သိရပါတယ်။  ပလပ်စတစ်ဗူးတစ်ဗူး (နို့ ဆီဗူးတစ်ဗူး ဝင်ဆံ့သည့်)လျှင် ကျပ် ၂၀၀၀ ဈေး ရှိပြီး အရောင်း အဝယ်သွက်ကြောင်း လည်းသိရပါတယ်။ ဒေသတွင်းကြယ်ပဲဈေးကွက်မှာ အရည်အသွေးaကာင်းပြီး၊ အတွင်း ဆန်မှိုမကပ်ပါက ကြယ်ပဲတစ်ကီလိုလျှင် ကျပ် ၃၀၀၀ ေ ဈးရှိကြောင်းသိရပါတယ်။ 

 

အောင်မင်း(တန့်ဆည်)