Main menu

Background

ပြည် ပဲနီပြားသစ်များ ဆက်လက်ဝင်ရောက်ပြီး ဈေးလည်းပို

Fri, 04/07/2017 - 10:51 -- journal_editor

        မတ်လကုန် ရက်သတ္တပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲနီပြား သီးနှံပင် များဆက်တိုက်ဝင်လာပြီး ရွှေတောင်၊ ကျီးသဲဘက်နှင့်ပြည်အနီးတစ်ဝိုက်ဒေသ များမှ ဝင်ရောက်ခဲ့ပါတယ်။ ပဲဈေးမှာ ဈေးမြင့်လာပြီး တစ်တင်းကို ကျပ် ၂၅၅၀၀ ဖြင့် ယခင်တစ်ပတ်ကထက်ဈေးပို ရခဲ့ပါတယ်။ ပဲဟောင်းဈေးအနေဖြင့်လည်း ပဲနီပြားသီးနှံဟာ တစ်တင်းကျပ် နှစ်သောင်း အောက်လျော့နည်းရရှိခဲ့လို့ ပဲသစ်များ ဈေးကောင်းရနေတာကြောင့် ပဲစိုက် တောင်သူများ အနေဖြင့် ထွက်ရှိလာသမျှ ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။ ၂၀၁၆ မတ်လအတွင်း ပဲနီပြား ပဲသစ်ဈေးဟာ တစ်တင်း ကျပ် ၂၃၀၀၀ နဲ့လကုန် ပိုင်းမှာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုနှစ် မတ်လကုန်မှာ ယခင်နှစ်ထက် ဈေးပိုရနေတာကို လည်းတွေ့ရပါတယ်။

 

ခင်ဆွေဝင်း