Main menu

Background

ဂျပန်နိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း တစေ့တစောင်း

Mon, 10/16/2017 - 15:28 -- journal_editor

ထုတ်ပြန်ဆောင်ရွက်ခြင်း  
          ဂျပန်နိုင်ငံမှာ အစားအစာဘေးကင်းလုံခြုံ ရေးနှင့် စံချိန်စံညွှန်းများနဲ့စပ်လျဉ်းပြီး အဓိကကျ တဲ့ ဥပဒေလေးခုရှိပါတယ်။ အစားအစာဘေးကင်း လုံခြုံမှုအခြေခံဥပဒေ၊ အစားအသောက်ကျန်းမာ ရေးညီညွတ်မှုဥပဒေ၊ ဂျပ န်စိုက်ပျိုးရေးဆိုင်ရာ စံချိန်စံညွှန်းဥပဒေနှင့် ကျန်းမာရေးမြှင့်တင်မှု ဥပဒေတို့ဖြစ်ကြပါတယ်။အစားအစာဘေးကင်းလုံခြုံမှုအခြေခံဥပဒေဟာ အစားအစာဘေးကင်း လုံခြုံမှုဆိုင်ရာ စည်းမျဉ်းဥပဒေသများကိုချမှတ်ပြီး အစားအစာြ ဖည့်စွက်ပစ္စည်းများ အန္တရာယ်ရှိမှု အကဲဖြတ်အဖွဲ့ဖြစ်တဲ့ အစားအစာဘေးကင်းလုံခြုံ ရေးကော်မရှင်(Food Safety Commission) ရဲ့အခန်းကဏ္ဍကိုလည်း ထူထောင်ထားရှိပါတယ်။ အစားအသောက်ကျန်းမာရေးညီညွတ်မှု ဥ ပဒေကတော့ အစားအစာအန္တရာယ်ရှိမှု စီမံခန့်ခွဲရေး အေဂျင်စီဖြစ်တဲ့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (Ministry of Health, Labor and Welfare -MHLW) မှတစ်ဆင့် အစားအစာဘေးကင်း လုံခြုံမှုနှင့် ကျန်းမာရေးညီညွတ်မှုဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်တာဖြစ်ပါတယ်။ အဆိုပါဥပဒေဟာထိခိုက်စေနိုင်သော အရာဝတ္ထုများပါဝင်တဲ့  စားသောက်ကုန်များရောင်းချခြင်းကို တားမြစ်ထားပါတယ်။ ဒါ့အပြင်စားသောက်ကုန်များ၊ အစားအစာဆက်စပ်ပစ္စည်းများ၊ အစားအသောက်ထည့်သည့်ကွန်တိန်နာများနှင့် ထုပ်ပိုး မှုများဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း အဆိုပါ ဥပဒေမှပင် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
           တင်သွင်းလာတဲ့ စားသောက်ကုန်အပါအဝင် စားသောက်ကုန်အမျိုးအစားအားလုံးအတွက် အကျုံးဝင်သော ယေဘုယျလိုအပ်ချက်များနှင့် စံချိန်စံညွှန်းများကို MHLW ဝန်ကြီးဌာန မှချမှတ်ပြီး ၎င်းစံချိန်စံညွှန်းများနှင့် မ ကိုက်ညီပါက ဂျပန်နိုင်ငံတွင်းသို့တင်သွင်းခွင့်ပြုမှာမဟုတ်ပါဘူး။ ဒီလိုအပ်ချက်များနဲ့ စံချိန်စံညွှန်းများဟာ စားသောက်ကုန်ရဲ့ပါဝင်ပစ္စည်းများနဲ့ထုတ်လုပ်မှု စံနှုန်းများအပေါ်မှာ အဓိကအလေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဂျ ပန်နိုင်ငံကို တင်သွင်းမယ့် စားသောက်ကုန်တွင် တာရှည်ခံပစ္စည်း၊ အရောင်တင်ပစ္စည်း၊ အနံ့အရသာထပ်တိုးပစ္စည်းစတဲ့ အစားအစာဖြည့်စွက်ပစ္စည်းများ ပါဝင်ခဲ့မယ်ဆိုရင်တော့ Import Notification Form မှာ ဖော်ပြထားသင့် တယ်လို့ဆိုပါတယ်။ ဒါ့အပြင်ပါဝင်ပစ္စည်းတွေရဲ့အသေးစိတ်ဖော်ပြချက်နဲ့ဆင့်တက်ပြုပြင် မှုလုပ်ငန်းစဉ်အကျဉ်းချုပ်တို့ကိုလည်း သွင်းကုန်လုပ်ထုံးလုပ်နည်းတွေ မြန်ဆန်စေဖို့အတွက် သင်္ဘောတင်ပို့မှုတိုင်းအတွက် တွဲပြီးပေး ပို့နိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့စားသောက်ကုန်တင်သွင်းမှုဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင် တဲ့အင်တာနက်စာမျက်နှာကတော့ http://www.mhlw.go.jp/english/topics/importedfoods/1.html ဖြစ်ပါတယ်။
          ထုတ်ကုန်ပစ္စည်းအသစ်တစ်မျိုးမျိုးကို ဂျပန် နိုင်ငံသို့သင်္ဘောတင်ခြင်းမပြုမီ ပစ္စည်းနမူနာကို လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီ ကြောင်း သက်သေခံလက်မှတ်နှင့်တကွ MHLW ဝန်ကြီးဌာနရဲ့ ဆိပ်ကမ်းစစ်ေ ဆးရေးရုံးနှင့် ဂျပန် အကောက်ခွန်ဌာနသို့ ကြိုတင်ပေးပို့ စစ်ဆေးသင့်ပါတယ်။ အဲဒီလို နမူနာပေးပို့ရတဲ့ ရည်ရွယ်ချက်ကတော့ အမှန်တကယ်တင်ပို့ခြင်းမပြုမီ အဆိုပါကုန်ပစ္စည်းဟာဂျပန်နိုင်ငံသို့ တင်သွင်းရန်အတွက် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း သေချာစေရန် စစ်ဆေးနိုင်ဖို့ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့လိုအပ်ချက် စံချိန်စံညွှန်းများနဲ့ ကိုက်ညီကြောင်း စစ်ဆေး အတည်ပြုချက်မရမချင်း မိမိတို့ရဲ့ကုန်ပစ္စည်းကို တင်ပို့ခြင်းမပြုဖို့ အထူးလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆိပ်ကမ်းအရာရှိက အစားအစာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ ကိုက်ညီမှုအပေါ်သံသယရှိလျှင် တင်သွင်းသူကို ဂျပန်နိုင်ငံရှိ မှတ်ပုံတင်ထားတဲ့ ဓာတ်ခွဲခန်းများမှာ Voluntary Test စစ်ဆေးရန် တောင်း ဆိုနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနဟာလည်း အစားအစာ ဘေးကင်း လုံခြုံမှုဆိုင်ရာ အန္တရာယ်ရှိမှု စီမံခန့်ခွဲခြင်းလုပ်ငန်း စဉ်မှာ ပါဝင်ဆောင်ရွက်ပါတယ်။ အဓိက အားဖြင့် ဂျပန်စိုက်ပျိုးရေး  စံချိန်စံညွှန်းဥပဒေ  Japan Agricultural Standards (JAS Law) ဖြင့် တိရစ္ဆာန် နှင့်အပင်ကျန်းမာရေး ကာကွယ်ခြင်းကို Quarantine  Law များမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ JAS Standards များကို ရှာဖွေနိုင်တဲ့ Link ကတော့ http://www.jetro.go.jp/en/reports/regulations/pdf/agrii2009e_1007p. pdf.6 ဖစ်ပါတယ်။

အစားအစာ ဖြည့်စွက်ပစ္စည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
     Food Safety Commission မှ စစ်ဆေး ထားပြီး MHLW ဝန်ကြီးဌာနမှ အတည်ပြုထားတဲ့ အစားအစာဖြည့်စွက်ပစ္စည်းများကိုသာ ဂျပန် နိုင်ငံမှာ ရောင်းချတဲ့အစားအသောက်နှင့် အဖျော် ယမကာများမှာ အသုံးပြုနိုင်တာဖြစ် ပါတယ်။ တင်သွင်းလာတဲ့ကုန်ပစ္စည်းမှာ အတည်ပြုမထား တဲ့ ဖြည့်စွက်ပစ္စည်းများ ပါဝင်နေတာကို တွေ့ရှိ ခဲ့မယ်ဆိုရင်တော့ အဆိုပါကုန်ပစ္စည်းများအား  ရောင်းချခြင်းကို ခွင့်ပြုမှာမဟုတ်ပါဘူး။ Designated Additives၊ Existing Additives၊ Natural Flavoring Agents နှင့် Ordinary Foods Used as Food Additives ဆိုပြီး ဂျပန်ကသတ်မှတ်ထားတဲ့ ဖြည့်စွက်ပစ္စည်း လေးမျိုးရှိပါတယ်။ အဆိုပါ ဖြည့် စွက်ပစ္စည်းအမျိုးအစားများရဲ့အဓိပ္ပာယ် ဖွင့်ဆို ချက်တွေကိုတော့ MHLW ရဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ http://mhlw.go.jp/english/topics/foodsafety/ foodadditives/index.html. မှာ အသေးစိတ် ဝင် ရောက်ကြည့်ရှုနိုင်ပါတယ်။

အစားအစာ ဖြည့်စွက်ပစ္စည်း အတည်ပြုခြင်းလုပ်ငန်းစဉ်
         အစားအစာဖြည့်စွက်ပစ္စည်းအသစ်၊ အသုံးပြုမှုအသစ်နှင့် ယခင်အတည်ပြုထားတဲ့ ဖြည့်စွက်ပစ္စည်းများအတွက် လက်ခံနိုင်မှုတို့ကိုအတည်ပြုရန်အတွက် လျှောက်လွှာများကို MHLW ဝန်ကြီး ဌာနကစိစစ်ဆောင်ရွက်ပါ တယ်။ MHLW ဝန်ကြီး ဌာနက ပြည့်စုံမှန်ကန်မှုရှိမရှိစစ်ဆေးပြီးနောက် လျှောက်လွှာများကို Food Safety Commission ထံသို့အန္တရာယ်ရှိမှု အကဲဖြတ်ခြင်းအတွက်ပေးပို့ ပါတယ်။ အကဲဖြတ်ပြီးတဲ့အခါအကဲဖြတ်ရလဒ်ကို Food Safety Commission မှ MHLW ဝန်ကြီးဌာန ထံသို့ပြန်လည်အစီရင်ခံပေးပို့ပါတယ်။ အန္တရာယ် ရှိမှုစီမံခန့်ခွဲရေးအဖွဲ့ဖြစ်တဲ့  MHLW ဝန်ကြီးဌာနက စားသောက်ကုန်တစ်ခုချင်းစီအတွက် အစားအစာ ဖြည့်စွက်ပစ္စည်း အတည်ပြု ချက်အပေါ် သီးခြားအသုံးပြုနိုင်တဲ့အဆင့်ကို ဆုံးဖြတ်ပေးပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ ဖြည့်စွက်ပစ္စည်းအတည် ပြုပမာဏမသတ်မှတ်မီ ထည့်သွင်းအသုံးပြုထားတဲ့ ကုန်ပစ္စည်းများကိုလည်း စဉ်းစားဆောင်ရွက်တာ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် Margarine အတွက် ခွင့်ပြုထားတဲ့ တာရှည်ခံပစ္စည်းပမာဏကို Mayonnaise အတွက် တာရှည်ခံပစ္စည်းပမာဏ အဖြစ် အသုံးပြုနိုင်မည်မဟုတ်ပေ။အစာဖြည့်စွက်ပစ္စည်းများအသုံးပြုမှုအတွက် အတည်ပြု ချက် လျှောက်ထားသူဟာ နေ့စဉ်လက်ခံနိုင်သော ပမာဏ (Acceptable Daily Intake-ADI) ထက်မ ကျော်လွန်တဲ့ အထောက်အထားများဖြင့် MHLW ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်။၂၀၁၄ ခုနှစ်၊ ဇွန်လမှာ MHLW ဝန်ကြီးဌာန က အစာဖြည့်စွက်ပစ္စည်း အသုံးပြုမှုအတွက် လျှောက်ထားခြင်းကို ကုမ္ပဏီများအားအကူအညီ ပေးရန် Food Additive Designation Consultation Center (FADCC) ကို တည်ထောင်ခဲ့ပါတယ်။ FADCC ဟာ လျှောက်လွှာပြည့်စုံအောင် ဆောင်ရွက်ရာမှာ ကုမ္ပဏီများကို အကူအညီပေးခြင်းဖြင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အတည်ပြုချက်များအား အချိန်တိုအတွင်းရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးပါတယ်။ အဲဒီလိုဆောင်ရွက်ပေးခြင်း အတွက် အခကြေးငွေပေးဆောင်ရန် မလိုအပ်သော်လည်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများကို မျက်နှာချင်းဆိုင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆက်သွယ်ပြောဆိုရာမှာ ဂျပန်ဘာသာ စကားဖြင့်သာ ပြောဆို တာဖြစ်တဲ့အတွက် လိုအပ် လျှင်စကားပြန်အသုံးပြုရမှာလည်း ဖြစ်ပါတယ်။

ပိုးသတ်ဆေးနှင့် အခြား မသန့်သည့်ပစ္စည်းများ ပါဝင်မှု
         ဂျပန်နိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ စားသောက် ကုန်တွင် စိုက်ပျိုးရေးဆိုင်ရာ ဓာတုဓါတ်ကြွင်းများ၊ အစာဖြည့်စွက်ပစ္စည်းများနှင့် တိရစ္ဆာန်ဆေးဝါး များပါဝင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအသစ်ကို အကောင်အထည်ဖော်ခဲ့ပါ တယ်။ အဆိုပါလုပ်ထုံးလုပ်နည်းများ အကောင်အထည်မဖော်မီ တည်ဆဲတရားဝင် အမြင့်ဆုံးဓာတ်ကြွင်းပါဝင်မှုအဆင့် MRLs ၁၀၀၀၀ ခန့်အပြင် စိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်း ၇၅၈ မျိုးအတွက် ယာယီ MRLs များ ကို MHLW ဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့ ပါတယ်။ အဆိုပါ MRLs များဟာ စိစစ်သုံးသပ်မှု မပြီးမချင်းယာယီအဖြစ်တည်ရှိမှာဖြစ်ပါတယ်။ တည်ဆဲ MRLs များနှင့် ယာယီ MRLS များကို စုစည်းပြီး Positive List  လို့ခေါ်ပါတယ်။ အဆိုပါ Positive List  မှာပါရှိတဲ့ MRLs များကိုကျော်လွန်၍ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်တဲ့ စားသောက်ကုန်များကို တွေ့ရှိပါက အစားအစာကျန်းမာရေး နှင့် ညီညွတ်မှုဥပဒေကိုချိုးဖောက်သည်ဟုသတ်မှတ်ပြီး ဆိပ်ကမ်းမှာ ငြင်းပယ် ခံရမှာဖြစ်ပါတယ်။ တစ်ကြိမ်ချိုးဖောက်မှုဖြစ်လျှင် အလားတူကုန် ပစ္စည်းများ တင်သွင်းမှုအားလုံးရဲ့ (ယေဘုယျအား ဖြင့် ၃၀ ရာခိုင်နှုန်း) ကို Enhanced Monitoring အနေဖြင့် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဆိုပါ ချိုးဖောက်သူ ကို ချန်လှပ်ပြီး စက်မှုလုပ်ငန်းတစ်ခုလုံး စစ်ဆေးတဲ့ Clean Test အကြိမ် ၆၀ ရရှိတဲ့ အခါ MHLW ဝန်ကြီးဌာနက Enhanced Monitoring 30 percent policy ကို ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲချိုးဖောက် တင် ပို့တဲ့ ပို့ကုန်လုပ်ငန်းရှင်ဟာ “100 percent hold and test policy” ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ လက်ခံနိုင်တဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု အဆင့်ကို ကျော်လွန်ခြင်းမရှိဘူးဆိုတာကို သက်သေ ပြနိုင်ဖို့အတွက် တင်ပို့ သူထံမှ အလားတူ ကုန်စည်ရဲ့ သင်္ဘောတင်ပို့မှုတိုင်းကို ဂျပန်နိုင်ငံမှာ အစစ် ဆေးခံရမှာ ဖြစ်ပါတယ်။ Clean Test အကြိမ် ၆၀ ရရှိပြီးတဲ့အခါ MHLW ဝန်ကြီးဌာနက 100 percent hold and test policy ကို ပယ်ဖျက်ပေးမှာ ဖြစ် ပါတယ်။ အခြားနည်းလမ်းအနေနဲ့ကတော့ ကနဦးချိုးဖောက်မှုပြီးနောက်တစ်နှစ်ကြာအတွင်း ထပ်မံချိုးဖောက်မှုမဖြစ်လျှင် စက်မှုလုပ်ငန်းအလိုက် စစ်ဆေးခြင်းလိုအပ်ချက်ကို ၃၀ ရာခိုင်နှုန်း ပယ် ဖျက်ပေးပါတယ်။ ဒါ့အပြင် Clean Test အကြိမ် ၆၀ မရရှိသေးသော်လည်း တစ်နှစ်ကြာတဲ့ အထိ ထပ်မံချိုးဖောက်မှုမရှိလျှင် အဆိုပါပို့ကုန်လုပ်ငန်း ရှင်အပေါ် စစ်ဆေးကြီးကြပ်မှုတိုးမြှင့်ခြင်း မူဝါဒကို ပယ်ဖျက်ပေးပါတယ်။ ဆက်လက်ဖော်ပြပါမည်။

 

 

ကျော်စိန်ဝင်း (ပြည်တွင်း/ပြည်ပ)