
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ပဲစင်းငုံစိုက်ပျိုးရန် လျာထားဧက ၅၅၀၀၀၀ကျော်အနက် ဧကခြောက်သိန်းကျော်စိုက်ပျိုးပြီးဖြစ် ၍ ရာခိုင်နှုန်းအားဖြင့်၁၀၈ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကန့်ဘလူ ခရိုင်၌ ဧက၁၅၀၀၀၀ကျော်ဖြင့် အများဆုံးစိုက်ပျိုးနိုင်ခဲ့ပြီး မုံရွာခရိုင်၌ ဧက၁၃၀၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံး စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ အရာ တော်မြို့နယ်ဘက်မှပဲစင်းငုံ ၁၅တင်းမှတ င်း၂၀ခန့်ဝင်ရောက် လျက်ရှိေ ကြာင်း၊ အသစ်တစ်တင်းလျှင် ကျပ် ၁၃၀၀၀ မှ ကျပ် ၁၃၅၀၀ ကြား၊ အဟောင်းတစ်တင်း လျှင် ကျပ် ၁၁၀၀၀ မှ ကျပ် ၁၁၆၀၀ကြားဈေးပေါက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ပဲစင်းငုံနှင့် ဝါသီးနှံ ရောနှော စိုက်သဖြင့် တစ်ဧကကုန်ကျစရိတ်မှာ ကျပ်ရှစ်သောင်းကျော်ကျော်သာကုန်ကျပြီး ပဲစင်းငုံ အထွက်နှုန်းမှာ တစ်ဧက ၁၀ တင်းမှ ၁၃တင်းကြားထွက်ရှိနိုင်ကာ ဇန်နဝါရီလ ကုန်တွင် ပဲစင်းငုံရိတ်သိမ်းပြီး မတ်လ တွင် ဝါရိတ်သိမ်း မည်ဖြစ်ကြောင်း၊ ပဲစင်းငုံပေါက်ဈေး တစ်တင်းလျှင် အနည်းဆုံး ကျပ်တစ်သောင်းရရှိသည့်တိုင် အမြတ်ရရှိကြောင်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေဘူတာကျေးရွာ၌ ပဲစင်းငုံ သီးနှံနှင့် ဝါသီးနှံကြားညှပ် စိုက်တောင်သူ ဦးဇော်မျိုး၏ပြောကြားချက်အရ သိရပါတယ်။
သန်းသန်းတင်(မုံရွာ)