Main menu

Background

ပြည်တွင်းရွှေဈေး ထပ်မံမြင့်တက်လာ

Wed, 01/17/2018 - 14:54 -- journal_editor

     နှစ်သစ်ကူး ဇန်နဝါရီဒုတိယပတ်အတွင်း ပြည်တွင်းရွှေဈေးများ ထပ်မံမြင့် တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ် ၉၃၇၀၀၀ ကျော်အထိ မြင့် တက်ခဲ့သော ပြည်တွင်း ရွှေဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်းကျပ် ၉၄၅၀၀၀ သို့ မြင့်တက်လာခဲ့ ကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးများ ပြန်လည်မြင့် တက်လာခြင်းဖြစ်ေ ကြာင်း ရွှေအရောင်းအဝယ်  လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။''နှစ်ကုန်ခါနီးတုန်းကတော့ ဈေးငြိမ်နေခဲ့ပေမယ့် နှစ်ကူးပြီးကတည်းက ကမ္ဘာ့ရွှေဈေးရော မြန်မာ့ရွှေဈေးပါ ပြန်မြင့်လာပါတယ်။ တဖြည်းဖြည်း တရိပ်ရိပ်နဲ့ တက်လာတာပေါ့။ လာမယ့် ပတ်တွေမှာလည်းပြည်တွင်းရွှေဈေးက အမြင့်ပိုင်းမှာ ပဲ ရှိနေဦးမယ်လို့ သုံးသပ်မိပါတယ်''ဟု နန်းရွှေရည်ရတနာရွှေဆိုင်မှ ကိုဘကြည်က ပြောသည်။
ပြည်တွင်းရွှေဈေးကွက်တွင် ဇန်နဝါရီ ၈ရက်က အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၉၃၈၀၀၀ဖြင့် ဈေးငြိမ်နေခဲ့ရာမှ ဇန်နဝါရီ ၁၁ရက်တွင် ကျပ် ၉၄၁၀၀၀ သို့မြင့်တက်လာခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ကျပ် ၉၄၅၀၀၀ သို့ ဆက်လက်မြင့် တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် ဇန်နဝါရီ ၈ ရက်က တစ်အောင်စ လျှင်  ၁၃၁၈ အမေရိကန်ဒေါ်လာရှိခဲ့ပြီး ဇန်နဝါရီ ၁၂ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၂၀ ကျော်အထိ ဈေးတက်လာခဲ့ကြောင်း သိရသည်။       
   သန်းထိုက်အောင်