Main menu

Background

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဒူးရင်းသီးများ စတင်တင်ပို့

Thu, 07/26/2018 - 13:27 -- journal_editor

              ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမယ်သစ်ပို့ကုန်အဖြစ် ဒူးရင်းသီးကို တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင် တင်ပို့နိုင်ခဲ့ပြီး အရေအတွက် အားဖြင့် ၅ဒသမ၂ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၆၀၉ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒူးရင်းသီး  ပို့ကုန်လိုင်စင်ဈေးမှာ တစ်တန်လျှင် ၁၂၇၁ အမေရိကန် ဒေါ်လာဖြစ်ပါတယ်။ ဒူးရင်းသီးကို ပြည်တွင်းမှာ တစ်တန်ကို ကျပ် ၁၁ သိန်းခန့်ဝယ်ယူရပြီး တစ်ဖက်တရုတ်နိုင်ငံမှာ တစ်တန်ကို ကျပ် ၃၅ သိန်းခန့် ဈေးရရှိကာ တရုတ်နိုင်ငံ ကွမ်းတုံမြို့အထိ သယ်ယူတင်ပို့ရောင်းချတယ်လို့ လည်းသိရှိရပါတယ်။ဒူးရင်းသီးဟာဆိုရင်  မြန်မာနိုင်ငံမှာသာမက ထိုင်း၊ မလေးရှားနိုင်ငံတို့မှလည်း အများဆုံးထွက်ရှိပါတယ်။ ဒူးရင်းသီးကိုKing  of  Fruits သစ်သီးတွေရဲ့ ဘုရင်လို့လည်း တင်စားခေါ်ဆိုကြတယ်လို့ သိရပါတယ်။ ဒူးရင်းသီးစားသုံးရင် ခွန်အားဖြစ်စေပြီး အာဟာရဓာတ်များ ကြွယ်ဝရုံမျှမက ဒူးရင်းပင်ရဲ့ အရွက်နဲ့ အမြစ်တွေဟာ လည်း ဆေးဖက်ဝင်တယ်လို့ လေ့လာသိရှိရပါတယ်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခင်က ဒေသထွက် ကြံ၊ ရွှေဖရုံသီး၊ တစ်သျှူး ငှက်ပျောများနှင့် ဖရဲသီးများသာ တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ ကုန်သွယ်မှု တိုးတက်စေရေးအတွက် ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအား အမယ် သစ်ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး တွန်းအားပေးစည်းရုံး ဆောင်ရွက်လျက်ရှိသောကြောင့် ဒူးရင်းသီး အမယ်သစ်ပို့ကုန်အဖြစ် စတင်  တင်ပို့နိုင် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။                                                                                                                                                                                                                                                            

     KTH