Main menu

Background

ပြည်ပနိုင်ငံများသို့ ခြေဆန့်တော့မည့် မြန်မာ့ထန်းသီးဆန်

Thu, 05/30/2019 - 11:13 -- journal_editor

   ယခုပြောင်းလဲတိုးတက်လာသော ခေတ်ကြီးနှင့်အညီ မြန်မာ့ထန်းသီးဆန်များလည်း ပြည်ပသို့ ခြေဆန့်ခွင့်ရပြီဖြစ်သည်။ ယခုအခါ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်ပနိုင်ငံသို့တင်ပို့ရောင်း ချနိုင်ေ ရးအတွက် ထန်းသီးဆန်များ ဝယ် ယူရန် ကုက္ကိုလ်စုကျေးရွာ၊ မြေဖြူ/မုံညှင်းကျေးရွာ၊ သာစည်/နှောပင်ကျေးရွာနှင့် ပေါက္ကူ/ ရွာသစ်ကျေးရွာ များ၌ အလုပ်ရုံခွဲများဖွင့်လှစ်ပြီး ဝယ်ယူသွားမည်ဖြစ် ကြောင်း ရေစကြိုမြို့ နယ် ထန်းသီးဆန်ရောင်းဝယ်ရေး တာဝန်ခံ ဦးအေးမင်းထွန်းက ပြောပြခဲ့သည်။ ထန်းတောများပေါသည့် ကျေးရွာပေါင်း  ၂၀  ကျော်၌ ထန်းသီးဆန် ဝယ်ယူရန်အတွက် ရွာခံကိုယ်စားလှယ်များလည်း ထားရှိပြီး ဖြစ်သည်ဟု သိရှိရ သည်။
        ရေစကြိုမြို့နယ်အတွင်းရှိ ထန်းတက်သမားများ၊ အိမ်ရှိသက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါမကျန် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်နှင့် ထန်းပင်၊ ထန်းတောများ မျိုးသုဉ်း ပျောက်ကွယ်မှုမှ ကင်းဝေးစေ ရန် စသော ရည်ရွယ်ချက်များဖြင့် ယခုလို ထန်းသီးဆန် ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခုလိုဝယ်ယူနိုင်ရန် ဆောင်ရွက်နေသည်မှာ သုံးနှစ် လောက်ရှိနေပြီး ယခုဆိုလျှင် Green Morentum (GM) အမည်ဖြင့် ကုမ္ပဏီ ဖွင့်လှစ်ကာ မြင်းခြံမြို့၌ စက်ရုံ တည်ထောင်ပြီး ၂၀၁၈ ခုနှစ်က တရုတ်နှင့် (၇) နှစ် စာချုပ် စတင်ဝယ်ယူ၍ တန် (၂၀) ကွန်တိန်နာ နှစ်လုံး တင်ပို့နိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှာတော့ တော်တော် များများ တင်ပို့နိုင်ရန်စီစဉ်ပြီးဖြစ်ေ ကြာင်းလည်း သိရှိ ခဲ့ရသည်။ ယခုဆိုရင် ဥရောပနိုင်ငံများကပါ စိတ်ဝင် စားပြီး ကုမ္ပဏီကို ကမ်းလှမ်းထားပြီးဖြစ်ကြောင်း သိရှိ ခဲ့ရသည်။
         ဝယ်ယူသည့်နိုင်ငံများက ထန်းသီးဆန်ကို မည်သို့ အသုံးပြုကြောင်း မေးမြန်းခဲ့ရာ သူတို့နိုင်ငံများတွင် သဘာဝထန်းသီးဂျယ်လီအဖြစ် စားသုံးကြောင်း ရေစကြိုမြို့နယ် ထန်းသီးဆန်ရောင်းဝယ်ရေးတာဝန်ခံ ဦးအေးမင်း ထွန်းက ပြောပြခဲ့သည်။ ယခုအခါမှာ ဗီယက်နမ်နိုင်ငံမှ ထန်းသီး ဆန်စည်သွတ်ဘူးများလည်း ပြုလုပ်ရောင်းချနေကြကြောင်း လေ့လာတွေ့ရှိခဲ့၍ သူတို့စက်ရုံတွင်လည်း စည်သွတ်ဘူးများ စမ်းသပ် ထုတ်လုပ်ရန်ရှိကြောင်း ပြော ကြားခဲ့ပြီး ထန်းသီးဆန် ဝယ်ယူရာတွင် အဓိကလိုအပ်ချက်ဖြစ်သော ရေခဲကို လည်း ထုတ်လုပ်နိုင်ရန်အတွက် ရေခဲစက်များ စမ်းသပ် တီထွင်ပြီးဖြစ်ကြောင်း ပြောပြခဲ့သည်။ ထန်းပင်တစ်ပင်တွင် ပျမ်းမျှနှုန်း ထန်းသီးလုံး ၂၃၀ ခန့်နှင့်အခိုင် ၁၀ ခိုင်ခန့်သီးကြောင်း၊ ထန်းလျက် ချက်ရန်အတွက် ထန်းရည်ယူရာတွင် ပိုသည့် ထန်းသီးခိုင် များကို ခုတ်ပစ်လိုက်ရာ စွန့်ပစ်ပစ္စည်းဖြစ်သွားသည့် ထန်းသီးလုံးများကို ယခုအခါတွင် ထန်းသီးဆန်အဖြစ် ခုတ်ထွင်ေ ရာင်းချရသဖြင့် အပိုဝင်ငွေရရှိပြီး အခွံများ ကိုလည်း နွားစာအဖြစ်လည်းကောင်း၊ အခြောက်ခံ၍ လောင်စာအဖြစ်လည်းကောင်း သုံးစွဲနိုင်သောကြောင့် ပို၍အဆင်ပြေလာကြောင်း ပြောကြားခဲ့သည်။
         ထန်းသီးဆန် ဝယ်ယူရာတွင် ထန်းသီးလုံးကနေ ထန်းသီးဆန်အဖြစ် ဒဏ်ရာ၊ ဒဏ်ချက် မပါစေဘဲခွဲ၍ အပေါ်ယံအခွံများကိုပါ ဖယ်ရှားပေးရန်ဖြစ်ပြီး အဆန် ဖြူလေးများကိုသာ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ဝယ်ယူရာတွင် တစ်ဆန်ကို ကျပ် ၂၀ ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ယခုလို ဝယ်ယူသည့်အတွက် ထန်းတောင်သူ များမှာထန်းလျက်သာမက ထုတ်ကုန်တစ်ခုအနေဖြင့် ရောင်းချနိုင်ခြင်းကြောင့် မိသားစု ဝင်ငွေလည်းတိုးလာ နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာ ၍ အဆင်ပြေလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

ကြည်ကြည်စိုး (ပခုက္ကူ)