Main menu

Background

စတုတ္ထစက်မှုတော်လှန်ရေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများပါဝင်နိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများ

Tue, 10/08/2019 - 14:32 -- journal_editor

     စတုတ္ထစက်မှုတော်လှန်ရေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ ပါဝင်နိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းခြောက်ခု နှင့်ပတ်သက်၍ Enhanced Integrated Framework (EIF)မှ  Ratnakar Adhikari က  ဆောင်းပါးတစ်ပုဒ်အကြံပြုရေးသား ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတွင် စတုတ္ထစက်မှုတော်လှန်ရေး ခေတ်တွင် စက်ပစ္စည်းများ၊ စက်ရုပ်များက လူသားတို့နေရာ တွင် အစားထိုးဝင်ရောက်သွားပြီး  အလုပ်လက်မဲ့ဦးရေများပြား လာမည်ဟု တချို့က  ယုံကြည်ကြကြောင်း၊ တချို့ကလည်း ဖွံ့ဖြိုးမှု   အနည်းဆုံးနိုင်ငံများအတွက် ကြီးမားသည့် အလား အလာကောင်းဖြစ်သည်ဟု   ရှုမြင်ကြကြောင်း မိတ်ဆက် ရေးသားဖော်ပြထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့်   စတုတ္ထစက်မှု တော်လှန်ရေးတွင်   အခွင့်အလမ်းများ  ရယူနိုင်ရေးအတွက် အောက်ဖော်ပြပါ နည်းလမ်းများကို ဆောင်ရွက်ရန် လိုအပ် ကြောင်း တိုက်တွန်းရေးသားထားပါသည် -

၁။ နည်းပညာနှင့် အခြေခံအဆောက်အအုံများကို ပိုမို အသုံးချနိုင်ရေး

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် နည်းပညာများကို တီထွင်မှု မူပိုင်ခွင့်များဖြင့် ကာကွယ်ထားရှိမှုများကြောင့် နည်း ပညာများ ရယူရာတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါ သည်။ ထို့ပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် ခေတ်မီနည်း ပညာများကို အသုံးပြုနိုင်ရန်အတွက် အင်တာနက်အဆောက် အအုံများ နည်းပါးခြင်းနှင့် လျှပ်စစ်လုံလုံလောက်လောက် မရှိ ခြင်းတို့ကိုလည်း ရင်ဆိုင်နေသည်။ ၂၀၁၇ ခုနှစ်တွင်  ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ လူဦးရေ   ၁၇၂ မီလီယံသာလျှင် အင်တာနက်အသုံးပြုနိုင်သေးကြောင်း ဖော်ပြထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အီသီယိုး ပီးယားနိုင်ငံသည် ゞင်းတို့၏အကြီးမားဆုံး တင်ပို့ကုန်ဖြစ်သည့် ကော်ဖီထုတ်လုပ်မှုတွင် Blockchain technology များ အသုံး ပြုပြီး ကုန်သွယ်မှုမြှင့်တင်နိုင်ရန်    Swiss-based Cardano Foundation နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ ဘူတန် နိုင်ငံသည် အိမ်နီးချင်း   အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းပြီး   ရေအား လျှပ်စစ်ထုတ်လုပ်ပြီး ゞင်းတို့၏   လူဦးရေ ၁၀ဝ ရာခိုင်နှုန်းကို လျှပ်စစ်ရရှိအောင် ဆောင်ရွက်ပေးနိုင်ကြောင်း  ဥပမာပေး ဖော်ပြထားသည်။

၂။ နည်းပညာများကို သက်သာစွာဖြင့် သုံးစွဲခွင့်ရရှိရေး                      

နည်းပညာဆိုင်ရာ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ကွန်ပျူတာများ၊ Tablets များနှင့်    စမတ်ဖုန်းများအပေါ် ကောက်ခံသည့် အခွန်အခများမြင့်မားခြင်းနှင့် တီထွင်မှု မူပိုင် ခွင့်ကာကွယ်ခြင်း ကုန်ကျစရိတ်များ၊ အင်တာနက်အသုံးပြု နှုန်းထားများ မြင့်မားခြင်းသည်   ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အတွက် အဓိကအတားအဆီးများဖြစ်ပါသည်။   ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများဖြစ်သည့် ကွန်ဂိုနိုင်ငံ၊ အလယ်အာဖရိက နှင့် ဟေတီနိုင်ငံများတွင် အင်တာနက်အသုံးပြုနှုန်းထားများ သည် 1 GB udk Gross National Income (GNI) ၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း ဖော်ပြထားသည်။ ကမ္ဘောဒီးယားကဲ့သို့သော   အချို့ဖွံ့ဖြိုးမှုနိုင်ငံများ၏ အင်တာနက်အသုံးပြုနှုန်းထားများသည်  1 GB udk Gross National Income (GNI) ၏နှစ်ရာခိုင်နှုန်းထက်နည်းသော နှုန်းထားခများသာ ပေးဆောင်ရကြောင်း၊ အဓိကအကြောင်း အရင်းမှာ ကမ္ဘောဒီးယားနိုင်ငံတွင် အင်တာနက်ဈေးကွက်ပြိုင် ဆိုင်မှု  မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း၊    3D Printing နှင့် ဒရုန်းတို့၏ နည်းပညာဆိုင်ရာ ဈေးနှုန်း ထားများသည်လည်း မကြာသေးမီကာလတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ အသုံး ပြုနိုင်သော  အနေအထားသို့    ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

၃။ အနာဂတ်ကို မျှော်မှန်းလျက် ကျွမ်းကျင်မှုများတိုးတက် အောင်ပြုလုပ်ရေး

ဒစ်ဂျစ်တယ်နည်းပညာသည်   အနာဂတ်တွင် အဓိက အရေးကြီးသောပညာရပ်တစ်ခုဖြစ်လာမည်ဖြစ်သည့်အတွက် နည်းပညာ၊ အင်ဂျင်နီယာပညာရပ်နှင့် သိပ္ပံပညာရပ်စသော နယ်ပယ်များတွင်အဓိကရင်းနှီးမြှုပ်နှံရမည်ဖြစ်သလို ပူးပေါင်း ဆောင်ရွက်မှု၊ ဖန်တီးမှုကဲ့သို့သော soft skills များကို လျစ် လျူရှု၍မရကြောင်း ဖော်ပြထားသည်။   ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအနေဖြင့်   အဆိုပါကိစ္စများကို   ဆောင်ရွက်နိုင်ရန်  ပုဂ္ဂလိကကဏ္ဍဍများနှင့် စေ့စပ်ညှိနှိုင်းခြင်း၊ ပြင်ပအကူအညီများ ရယူခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း   ဖော်ပြထား သည်။ ရဝမ်ဒါနိုင်ငံတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် ပူးပေါင်းပြီး ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်ကို စတင် ဆောင်ရွက်နေပြီး ရဝမ်ဒါလူငယ် ၅၀ဝဝ ကို အလုပ်အကိုင်ရရှိ ရန်နှင့် နိုင်ငံသား  ငါးသန်းကို e-government နှင့် အီလက် ထရွန်နစ်   စီးပွားရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဒစ်ဂျစ်တယ်တတ်မြောက်မှု သင်တန်းများကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၄။ စီးပွားရေးအခွင့်အလမ်းများ ဖော်ထုတ်ရေး

အချို့သောနည်းပညာဆိုင်ရာလုပ်ငန်းများသည် ကွင်း ဆက် ပြောင်းလဲမှုများပေါ်တွင်  အခြေခံပြီး  ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် နည်းပညာဆိုင်ရာ  ကိစ္စရပ်များဖြစ်သည့် data input ပြုလုပ်ခြင်းလုပ်ငန်းများ၊ အရည်အသွေးထိန်းချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်နည်းပညာကျွမ်းကျင်မှုဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်သည့်လုပ်ငန်းများတွင် လူငယ်များကို အလုပ် အကိုင်အခွင့်အလမ်းများ   ဖော်ထုတ်ပေးသွားနိုင်ရန် ဖော်ပြ ထားသည်။

၅။ ကောင်းမွန်သည့် မူဝါဒနှင့်စည်းမျဉ်းများပြဋ္ဌဌာန်းရေး

စတုတ္ထစက်မှုတော်လှန်ရေးသည် ကောင်းမွန်သော မူဝါဒနှင့် စည်းမျဉ်းများချမှတ်ရန်  လိုအပ်ပြီး ဝန်ကြီးဌာနများ နှင့် ပူးပေါင်းညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း   ဖော်ပြ ထားသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအနေဖြင့် စမတ်ဖုန်း များ၊ Tablets များကဲ့သို့သော  ပစ္စည်းများကို တင်သွင်းသည့် အခွန်အခများကို လျှော့ချသည့် ကုန်သွယ်မှုမူဝါဒများ ချမှတ် ခြင်း၊ နိုင်ငံခြားပိုင် အင်တာနက်ဝန်ဆောင်မှုများကို ဖယ်ရှား သော ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ချမှတ်ခြင်းတို့ကို   ပြုလုပ်သင့် ကြောင်း အကြံပြုဖော်ပြထားသည်။

၆။ ပြည်တွင်း၊ ပြည်ပ စီးပွားဖက်များကို ကောင်းမွန်စွာ အသုံးချရေး

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် အထက်ဖော်ပြပါ နယ်ပယ်များတွင် အရင်းအမြစ်များနည်းပါးခြင်းနှင့် ကျွမ်း ကျင်မှုမရှိခြင်းတို့ကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် တို့၌ ပိုမိုပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် လိုအပ်သင့်ကြောင်း အကြံပြုဖော်ပြထားသည်။  ဒေသတွင်းအဆင့်တွင် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းသည် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စွမ်းရည်တိုးတက်ခြင်းတို့ကို အားကောင်းစေနိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်အတွက် လိုအပ်သည့် မူဘောင်များအားကောင်း အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် အထက်ဖော်ပြပါ စိန်ခေါ်မှုများကို အပြည်ပြည်ဆိုင်ရာ  အဖွဲ့အစည်းများဖြစ် သည့် WTO, ITC,World Bank Group နှင့် South-South Cooperation စသည့် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများဖြင့်ကျော် လွှားသွားရမည်ဖြစ်ကြောင်း အကြံပြုဖော်ပြထားသည်။

 

WTO