Main menu

Background

ပြည်ပနည်းပညာကို အခြေခံ၍ ဒေသတွင်းဖားများစမ်းသပ်မွေးမြူ

Thu, 11/28/2019 - 16:01 -- journal_editor

     ပြည်ပနည်းပညာကိုအခြေခံ၍ ဒေသတွင်းရှိ ဖားများအား စမ်းသပ်မွေး မြူခြင်းနှင့် နည်းလမ်းများ မျှဝေခြင်းတို့ ကို  လုပ်ဆောင်နေကြောင်း  ဖားသား ပေါက်   စမ်းသပ်မွေးမြူထုတ်လုပ်သူ ဦးမိုးရဲဝင်းက ပြောသည်။ ထိုကဲ့သို့ မွေးမြူခြင်းနှင့် နည်း လမ်းမျှဝေခြင်းတို့ ပြုလုပ်ရခြင်းမှာ ဈေး ကွက်မပျောက်စေရန်၊ ဈေးကွက်ပျက် ခြင်းမှ ကာကွယ်နိုင်စေရန်နှင့် ပြည်ပမှ တင်သွင်းစားသုံးနေသည်ကို ပြည်တွင်း ၌ မွေးမြူ၍ ဈေးကွက်တစ်ခုဖြစ်လာစေ ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

      ဖားမွေးမြူတာနဲ့ ပတ်သက်ပြီး နည်းပညာကိုတော့ တရုတ်နဲ့ ထိုင်းနိုင်ငံ ကနေ လေ့လာထားတယ်။ အဲဒီက မျိုး တွေကိုပဲ ဒီကဒေသမျိုးတွေနဲ့ပေါင်းပြီး အားလုံးကိုက်ညီမှုရှိအောင်၊ အရောင်အဆင်းကအစ ကိုယ့်ဒေသနဲ့ ကိုက်ညီမှု ရှိအောင် မွေးမြူနေပါတယ်။ ပြည်ပက လာတဲ့ဖားတွေက ဈေးကြီးတဲ့အတွက် ကိုယ်တိုင်မွေးမြူနိုင်မယ်ဆိုရင် ပြည်တွင်း မှာလည်း လူတိုင်းစားလာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖားမွေးချင်တဲ့သူတွေ ကို ဖားသားပေါက်ရောင်းပေးတယ်။ နည်းပညာတွေကိုလည်း မျှဝေပေးပါ တယ်ဟု ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်၊ ကပ္ပဒလကျေးရွာမှ ဖားသား ပေါက်  စမ်းသပ်မွေးမြူထုတ်လုပ်သူ ဦးမိုးရဲဝင်းက ပြောသည်။

      "ကျွန်တော်တို့ဘက်မှာ ငါးသား ပေါက်တွေကိုလည်း အလွယ်တကူ ဝယ် မရတာရှိတယ်။  ဈေးကလည်းကြီးတဲ့ အတွက် ကိုယ်တိုင်သားဖောက်မွေးမြူ ဖြစ်တာပါ။ ဖားသားပေါက်ထုတ်လုပ် နိုင်ဖို့လုပ်သလို ငါးသားပေါက်ကိုလည်း မွေးမြူပါတယ်။ ဒါပေမဲ့ ပြည်ပဈေးကွက် ကိုတော့ မယှဉ်နိုင်သေးပါဘူး။ သူတို့က သားလည်း ဖောက်တယ်။ အစာလည်း နိုင်နင်းတယ်။ ဒီဘက်မှာကျတော့ သား ဖောက်ရင်လည်း  အစာဖိုးက ရှိသေး တယ်။  ဖားကကျတော့  ဈေးလည်း ကောင်းတယ်။ အဲဒါကြောင့် ပညာပြည့်ဝ လို့ သင်တန်းပေးတာမျိုးမဟုတ်ဘဲ ကိုယ့်လို စိတ်တူကိုယ်တူတွေ စုဝေးပြီး လုပ်နိုင်အောင်လို့ နည်းပညာမျှဝေပေး တာပါ။ နောက်ပြီး ပြည်ပကဝင်တဲ့ သားပေါက်တွေ ဈေးကွက်မပျောက် အောင် ဖားသားပေါက်ထုတ်လုပ်ဖို့အ တွက် ဖော်မြူလာလည်း သင်ပေးပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆို သည်။ အဆိုပါ ဖားသားပေါက်မွေးမြူ ရေးနှင့် ပတ်သက်၍ ပြန်လည်ဝေမျှပေး သည့်အချက်များတွင် ဖားအရွယ်အစား ထိန်းသိမ်းစောင့်ရှောက်နည်း၊ ဖားများ တွင် ကျရောက်တတ်သော ရောဂါပိုးမွှား နှင့် ကာကွယ်ကုသရမည့် ဆေးဝါး၊ သက် ဆိုင်သည့်နည်းလမ်းများကို သင်ကြား ပြသခဲ့ကြောင်း သိရသည်။

 

ချောစု