Main menu

Background

သွင်းကုန်မြင့်တက်ခြင်းကိုဥပဒေဖြင့် ထိန်းချုပ်မည်

Mon, 01/13/2020 - 11:53 -- journal_editor

        မြန်မာ့သွင်းကုန်  မြင့်တက်ခြင်းကို သွင်းကုန် ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့်  ရက်သတ္တပတ်က ပြည်ထောင်စု လွှတ်တေ ာ်တွင် ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေသည် အသေးစားနှင့် အလတ်စား ပြည်တွင်းလုပ်ငန်းများကို ပိုမို  ကာကွယ်ပေးလာနိုင်မည်ဖြစ်ကြောင်း  အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးအောင်သိန်းက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။ ဒီဥပဒေကြောင့် လိုအပ်သည်ထက် ပိုမိုတင်သွင်းလျက်ရှိသော ကုန်စည်အမယ်များကို ထိန်းချုပ်လာနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။ နိုင်ငံရဲ့ပို့ကုန်၊ သွင်းကုန်ပမာဏတွေကို  ဒီဥပဒေက စီမံထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ် ဟု ၎င်းက ပြော သည်။ ယင်းဥပဒေကို ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူဖြစ်စေ ရန်နှင့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်သူများ ထိခိုက်နစ်နစ်မှုများ ဖြစ်ပေါ် လာ လျှင် စီမံကြပ်မတ်နိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    ထို့ကြောင့် အဆိုပါ ဥပဒေအရ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီကို ဖွဲ့စည်း မည်ဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင် မည်ဖြစ်ကာ ပုဂ္ဂလိကကဏ္ဍဘက်တွင် မြန်မာနိုင်ငံ ကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ က အဖွဲ့ဝင် အဖြစ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှု ထိခိုက်နစ်နာမှုရှိ၊မရှိကို မြင့်တက်လာသည့်  သွင်းကုန်ပမဏနှင့်  နှုန်းထား၊ ပမာဏမြင့်တက်ဝင်ရောက်သည့်သွင်းကုန်၏ ပြည် တွင်းဈေးကွက်ဝေစု၊ ရောင်းချမှု၊ ထုတ်လုပ်မှုနှင့် ထုတ်လုပ်နိုင်စွမ်း အခြေအနေ အပြောင်းအလဲ၊ အမြတ်နှင့် အရှုံးအခြေအနေနှင့် အလုပ်သမားခန့်ထားမှု ပြောင်းလဲလာခြင်း  စသည့်အချက်များကို အခြေ ခံ၍ စိစစ်မည်ဖြစ်သည်။ သို့ဖြစ်၍  သွင်းကုန်မြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်များ  ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာလျှင် ကာကွယ်ပေးမှု အစီအမံ ကျင့်သုံးမည်ဖြစ်ပြီး ယင်းအစီအမံတွင် ယာယီကာကွယ်ပေးမှု အကောက် ခွန်စည်းကြပ်ခြင်း၊ သွင်းကုန်ပမာဏ ကန့်သတ်ခြင်းတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ သွင်းကုန်များအနက် စက်သုံးဆီ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းနှင့် စားသောက်ကုန်စည်များသည် ထိပ်တန်းသွင်းကုန် များ ဖြစ်သည်။

 

ပန်းဆု