Main menu

Background

ကျောက်မျက်ရတနာ အထူးကုန်စည်ခွန်ကို ရတနာခွန်အဖြစ်ပြောင်းလဲ ကောက်ခံမည်

Mon, 01/13/2020 - 14:05 -- journal_editor

       ကျောက်မျက်ရတနာအမျိုးမျိုးကို  အခွန်ပေးဆောင်ရသည့် အထူးကုန်စည်ခွန်အား ယခုနှစ်မှ စတင်၍ ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးမှ သိရသည်။ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံရာတွင် ဈေးကွက်အတွင်း ရောင်းချသည့် တန်ဖိုးအပေါ်အခြေပြု၍ အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယခင်ထက်အခွန် ထမ်းဆောင်မှု အနည်းငယ် လျော့ နည်းလာကြောင်းလည်း သိရသည်။

    အရင်ကတော့ အထူးကုန်စည် ခွန်အနေနဲ့ ကောက်ခံပေမယ့် ဒီနှစ်မှာ တော့ ရတနာခွန်နဲ့ ပြောင်းလဲကောက်ခံ သွားမှာပါဟု  အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး ဒုတိယညွှန်ကြားရေး မှူး ဒေါ်မင်းမင်းမှူးက ပြောသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အထူး ကုန်စည်ခွန်အဖြစ် ကျောက်စိမ်းအရိုင်း ထည်များကို ၁၅ ရာခိုင်နှုန်းကောက်ခံ ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၁၁ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ စိန်နှင့်မြမှ အပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုး တန်ကျောက်မျက်ရတနာ အရိုင်းထည် များကို ယခင် ၁၀ ရာခိုင်နှုန်းမှ ယခု ၉ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ဝတ်ရတနာအချော ထည်များကို(စိန်နှင့်မြမှအပ) ၅ ရာခိုင် နှုန်း၊ ကျောက်မျက် ရတနာ ဖြင့်ပြုလုပ် သောပစ္စည်းများကို ၅ ရာခိုင်နှုန်းအဖြစ် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိ ရသည်။

 

 ချောစု