Main menu

Background

အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု အကောင်အထည်ဖော်

Wed, 03/04/2020 - 16:07 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဦး ဦးဆောင်၍ ပြည်ပငါးနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူး ငါးဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ထူထောင်ထားသည့် Global Earth Agro & Aqua Public Co;Ltd  မှ ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrade Food Industry Complex စီမံကိန်းသို့   မြန်မာနိုင်ငံ ကုန် သွယ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သွား ရောက်လေ့လာခဲ့ကြသည်။ အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဝါးခယ်မ-ရွှေလောင်း  လမ်းမကြီးဘေး တွင် တည်ရှိပြီး စုစုပေါင်း စီမံကိန်းမြေဧက ၃၆၀ဝ ထဲမှ ပထမ အဆင့် မြေဧက ၉၀ဝ ပေါ်တွင်   တည်ဆောက်လုပ်ကိုင်နေ ခြင်းဖြစ်သည်။   အဆိုပါကုမ္ပဏီမှ  ငါးအစာထုတ်လုပ်ခြင်း၊ ငါးမွေးမြူခြင်း၊ အေးခဲခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်ခြင်းလုပ်ငန်းများ  ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုအခါ ခေတ်မီငါးအစာစက်ရုံ၊   အခြောက်ခံစက်ရုံများ၊ ခေတ်မီ ငါးသားပေါက်မွေးမြူရေးစခန်းများ၊ အသင့်စားသုံးရန် ထုပ်ပိုးမှုစက်ရုံများ အသားတိုး ငါးမွေးကန်များ၊ ငါးပြုပြင်ထုတ် လုပ်သည့်စက်ရုံနှင့် အေးခဲသိုလှောင်ရုံများ၊   ငါးရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၊ ငါးအစာနှင့် ကုန်ကြမ်းသိုလှောင်ရုံများ၊ ထွက်ရှိသည့် ငါးကုန်ချောများ၏  အရည်အသွေးကို စစ်ဆေး သည့် ဓာတ်ခွဲခန်းများ၊  လုပ်သားများနေထိုင်ရာ  အိမ်ရာများ ပါဝင်မည်ဖြစ်သည်။

     ထို့ပြင် အခန်း(၁၀ဝ)ပါ ဟိုတယ်တစ်ခုနှင့် အပန်းဖြေ နိုင်ရန် နေရာတစ်ခုကိုပါ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဌေးမြင့် က   လိုက်လံရှင်းလင်းပြသခဲ့သည်။ အစာထုတ်လုပ်ခြင်း ငါးသား ဖောက်ခြင်းမှအစ ထွက်ရှိလာသော ကုန်ပစ္စည်းအပေါ် Zero Waste  စွန့်ပစ်ပစ္စည်းမရှိသည်အထိ လုပ်ငန်းစဉ်များ လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စတင်မွေးမြူသည်မှ ကုန်ချောကို ထုတ်လုပ်သည်အထိ   တစ်နေရာတည်းတွင် စုစည်းလုပ်ဆောင် ထားသည့် စီမံကိန်းဖြစ်ကာ လက်ရှိတွင် အလုပ်အကိုင် ၂၀ဝ၀ ကျော်ဖန်တီးပေးနေပြီး စီမံကိန်းပြီးစီးသွားမည့် နောက်ငါးနှစ် အတွင်း အလုပ် အကိုင် ၇၀ဝ၀ ကျော် ဖန်တီးပေးနိုင်ကာ ထုတ် လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော်ရှိမည်ဖြစ် သဖြင့် အရှေ့တောင်အာရှတွင်  အကြီးမားဆုံးငါးမွေးမြူရေး စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။  တစ်နေ့ ကုန်ထုတ်လုပ်မှု  တန်ချိန်   ၁၆၀ဝ ရှိမည့် အဆင့်မြင့်ငါးစာစက်ရုံကိုလည်း   တည်ဆောက်လျက်ရှိပြီး ကုန်ကြမ်းတစ်ချိန် ငါးသောင်း၊ ကုန်ချောတန်ချိန် လေးထောင် ခန့် သိုလှောင်နိုင်မည့် အဆောက်အအုံများလည်း ပါဝင်မည် ဖြစ်ကာ စက်ရုံအတွက် လိုအပ်သော ပဲပုပ်ဖတ်၊ ပဲဖတ်၊ ဖွဲနု၊ ဂျုံဖွဲ အစရှိသည့် ကုန်ကြမ်းများ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း မှ ဝယ်ယူအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

      စီမံကိန်းဇုန်ကြီးအတွင်း ငါးသားဖောက်စခန်းများကို လည်း တည်ဆောက်လျက်ရှိပြီး နာရီပိုင်းအတွင်း ကန်မှငါးကို စက်ရုံသို့ ရောက်ရှိထုပ်ပိုးနိုင်သည့်အဆင့်အထိ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ စက်ရုံအတွက် ရေကို   ဧရာဝတီမြစ်နှင့် ရွှေလောင်းမြစ်တို့မှ ရယူအသုံးပြုမည်ဖြစ်ပြီး ရေသန့်စင်စနစ် များကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စနစ် တကျ လုပ်ဆောင်ထားကြောင်း သိရသည်။ ယင်းစီမံကိန်းတွင်  ငါးတန်ကို တစ်နှစ်ပတ်လုံး မျိုးဖောက်သွားပြီး မွေးမြူရေးလုပ်ငန်းစဉ်အ လိုက် အဆင့်မြင့် မွေးမြူနိုင်ရန် ငါးမွေးကန်၊ ရေဆိုးထုတ်မြောင်းနှင့် အလို အလျောက် အစာကျွေးစနစ်တို့ကို ထည့်သွင်းလုပ်ဆောင်နေ ကြောင်း သိရှိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ဈေးကွက်ရရှိသော နိုင်ငံတကာမှ  စားသုံးနေတဲ့ ငါးတန် ငါးအမျိုးအစားကို အဓိကထား  မွေးမြူထားသောကြောင့် ဈေးကွက်မှာလည်း သေချာမှုရှိပြီး အရည်အသွေးအရလည်း စိတ်အချရဆုံးနှင့်  အကောင်းဆုံးဖြစ်မည့် သန့်ရှင်း လတ်ဆတ် ပြီး စိတ်ချယုံကြည်ရသည့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ (Fresh, Clean,Safe and Healthy Food) ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrated Food Industry Complex စီမံကိန်းသည် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။ ထိုစီမံကိန်းကို ွူGLOBAL EARTH AGRO & AQUA INDUSTRY PUBLIC COMPANY LIMITED  မှ မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ ခွင့်ပြုချက်အမှတ် ၁၄၁/၂၀၁၉ ဖြင့် ဆောင်ရွက်လျက်ရှိပြီး အများပိုင်ကုမ္ပဏီအဖြစ် အကောင်အထည် ဖော်ကာ ၂၀၂၁ ပြည့်နှစ်ထဲတွင် အားလုံးပြီးစီးလည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ အထက်ပါ စီမံကိန်းပြီးစီးပါက ဒေသတွင်း လုပ်သားဦးရေ  သောင်းနဲ့ချီ အလုပ်အကိုင်အခွင့် အလမ်းများရရှိမည်ဖြစ်ပြီး ယင်းစီမံကိန်းမှာ   နိုင်ငံတကာ အဆင့်မီသည့် ငါးမွေးမြူထုတ်လုပ်မှုနေ့စဉ် တန်ချိန် ၅၀ဝ မှ ၁၀ဝ၀ အတွင်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ထွက်ရှိမည့် ကုန်ချော ၉၀ ရာခိုင်နှုန်းကို နိုင်ငံတကာသို့တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

 

Myantrade-TIR