Main menu

Background

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ၌ ကုန်ကြမ်းပြတ်လပ်မှုများဖြစ်ပေါ်နေ

Wed, 03/04/2020 - 16:12 -- journal_editor

       ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ၌ ကုန်ကြမ်းပြတ် လပ်မှုများဖြစ်ပေါ်နေသည့်အတွက် အခက်အခဲများ ကြုံ တွေ့နေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အထည်ချုပ်လုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲအရ ပြည်တွင်း အထည်ချုပ်လုပ် ငန်းများ၌ ကုန်ကြမ်းရရှိမှု ခက်ခဲနေသည့်အတွက် လုပ်သား အင်အားလျှော့ချခြင်း သို့မဟုတ် လစာမဲ့ ပိတ်ရက်ရှည်ပေး ခြင်း စသည့် အခြေအနေမျိုးများ လုပ်ဆောင်လာနိုင်ဖွယ် ရှိ ကြောင်း သိရသည်။

    "တရုတ်ဘက်မှာက အခုရသမျှကို Mask ချုပ်ရတဲ့ အနေအထားဖြစ်နေတယ်။ နောက်ပြီး သူတို့အနေနဲ့ လက်ရှိ မှာတစ်လအတွင်းကုန်ကြမ်းထုတ်နိုင်ရင်တောင် လမ်းခရီး အနေအထားအရ ပြည်တွင်းကိုရောက်ရှိဖို့အတွက် နှစ်လ လောက်စောင့်ရမယ်။ အဲဒါကြောင့် မြန်မာပြည် အနေ အထားနဲ့ဆိုရင် သင်္ကြန်အပြီးလောက်အထိကို အခြေအနေ မကောင်းနိုင်ဘူး။ မေလလောက်ကစပြီး ကုန်ကြမ်းရရင် တောင် နိုင်ငံတကာနဲ့ လု ယူရမယ့်အနေအထားဖြစ်နေတယ်" ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ကိုရီးယားနိုင်ငံတွင် အလုပ်သမားနှင့် အလုပ်ရှင် သဘောတူညီမှုရယူထားပြီး လစာမဲ့ပိတ်ရက်ရှည်ပေးခြင်း၊ အလုပ်မရှိလို့ အလုပ်မဆင်း သည့်နေ့အတွက် လစာမပေးခြင်းစသည့်အနေအထားမျိုး နှင့် လုပ်ဆောင်နေကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ သည်။

      "ပြည်တွင်းအထည်ချုပ်ရဲ့ ကိုရီးယားစက်ရုံတွေမှာ ဆိုရင် ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က လစာပေးရတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒီလိုအခြေအနေမှာ အော်ဒါ မရှိလို့ ချုပ်ခမရရင် အလုပ်သမားတွေလစာရမှာမဟုတ်ဘူး။ တချို့က စက်ရုံပိုင်ရှင်ခက်ခဲတယ်ပဲ ထင်တယ်။ တကယ်က အလုပ်သမားတွေအတွက်လည်း စိုးရိမ်ရတယ်။ အခုအနေအထားက နိုင်ငံတစ်ဝန်းလုံးဖြစ်နေလို့ သူများနိုင်ငံမှာ ကျင့် သုံးသလို ကိုယ့်နိုင်ငံမှာ လုပ်လို့ရနိုင်မယ့်အခြေအနေတွေ ကို တင်ပြသွားမှာပါ" ဟု ၎င်းက ဆက်ပြောသည်။ မြန်မာနိုင်ငံအတွက် အထည်ချုပ်မှရရှိသည့် Export ဝင်ငွေမှာ လွန်စွာကြီးမားကြောင်း၊ ယင်းအတွက်ကြောင့် လက်ရှိအနေအထားများကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသို့ အခြေအနေများ တောက်လျှောက် တင်ပြဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ချောစု