Main menu

Background

အရေးပေါ်ရိက္ခာ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး အရေးပေါ် ရိက္ခာဆန် လက်ခံထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေး

Thu, 06/25/2020 - 11:17 -- journal_editor

အရေးပေါ်ရိက္ခာဆန်ဝယ်ယူရေးဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ MAPCO ဆန်စက်တွင် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန် ဝယ်ယူလက်ခံထားရှိမှု အခြေအနေများအားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေးစစ်ဆေးလက်ခံထားမှု အခြေအနေ များနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။ အရေးပေါ်ရိက္ခာဆန်အား လက်ခံဝယ်ယူလျက်ရှိရာ ဇွန် ၁၂ ရက်အထိ ရန်ကုန်မြို့တွင် တန် ၃၅၀ဝ၀၊ မန္တလေးမြို့တွင် တန် ၃၀ဝ၀၊ နေပြည်တော်တွင် တန် ၁၀ဝ၀  စုစုပေါင်း တန်ချိန်  ၃၉၀ဝ၀  ကျော် ဝယ်ယူလက်ခံ ရရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

MOC (IR)