Main menu

Background

အခေါက်ရွှေဈေး ၁၃ သိန်းနီးပါး ရောက်ရှိလာ

Thu, 07/30/2020 - 15:34 -- journal_editor

လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၃သိန်းနီးပါး အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ကမ္ဘာ့ရွှေဈေးသည် လက်ရှိတွင်  တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၈၈၀အထိ အတက် ပြနေပြီး ကိုးနှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေ သည့်အတွက် ယခုကဲ့သို့ ပြည်တွင်းရွှေ‌ဈေးလိုက်ပါ   မြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။''ကမ္ဘာ့ရွှေဈေး ဆွဲချလိုက်မယ်ဆိုရင်တော့ တစ်မျိုး၊ ဒီအတိုင်းဆိုရင် အတက်ပဲ ဦးစားပေးရမှာပဲ။ အတက်ပဲ မြင်နေတယ်။ နောက်ဆုံးတစ်ကျပ်သား ကျပ် ၁၃ သိန်း ပြန်ဖြစ်ရင် ဖြစ်သွားမှာ''ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ဇူလိုင် ၂၃ ရက် နံနက် အဖွင့်ဈေးတွင် ပြည်တွင်း အခေါက် ရွှေဈေး မှာ  တစ် ကျပ်သားလျှင်ကျပ် ၁၂၈၂၀ဝ၀ ဖြစ်ပြီး ညနေပိုင်း အပိတ်ဈေးတွင် ကျပ် ၁၂၇၅၅၀ဝ ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ပြည်တွင်း၌    အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၇၀ဝ၀ အထိ ဈေးနှုန်းမြင့် တက်ပြီး  ဈေးကွက်အတွင်း စံချိန်သစ်တင်ခဲ့သည်။                             
   ပန်းဆု