Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန်ငါးသောင်းကျော် တင်ပို့

Thu, 01/07/2021 - 12:23 -- journal_editor

ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ၄ဒသမ ၅၉၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၁၄၉၀ခန့် တင်ပို့ခဲ့ကြောင်း သိရ သည်။ တင်ပို့မှုများအနေဖြင့်  မြန်မာ-တရုတ်နယ်စပ်များဖြစ် သော မူဆယ်(၁၀၅ ) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၃၀ဝ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ဆန် တန်ချိန် ၄၃၉၅ခန့်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ဆန် တန်ချိန် ၂၇၉၅ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် ကုန် သွယ်မှုနှင့်နှိုင်း ယှဉ်လျှင်ဆန်တန်ချိန်၁၄၀ဝကျော်လျော့နည်း တင်ပို့နိုင်ခဲ့သည်။ 
ယခုတစ်ပတ်  ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၁၀၆၅၀ ခန့်နှင့် ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၈၀ဝ ကျော် စုစုပေါင်းဆန်ကွဲတန်ချိန်၁၁၄၅၀ကျော်၊  တန်ဖိုး အမေရိကန် ဒေါ်လာ ၄ဒသမ ဝ၆၁ သန်းတင်ပို့ နိုင်ခဲ့ပါသည်။ ယခင်တစ် ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၃၀ဝ ခန့်  ပိုမို ခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ၁၉ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ  အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၄၅ သန်းတန်ဖိုး ရှိ ဆန်တန်ချိန် ၂၂၃၈၀ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့  ဆန်တန်ချိန် ၂၀၆၃၀ခန့် နှင့် အီးယူနိုင်ငံများသို့  ဆန်တန်ချိန် ၁၇၅၀နီးပါး တင်ပို့နိုင်သဖြင့်  ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၉၀ဝ၀ကျော်လျော့နည်းတင်ပို့နိုင်ခဲ့သည်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှု အနေဖြင့်  အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၆၀၃၀ ခန့်နှင့် အီးယူနိုင်ငံများသို့  ဆန်ကွဲတန်ချိန် ၂၄၂၀ ခန့် စုစုပေါင်း တန် ချိန် ၈၄၅၀ ကျော်တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၆၁ သန်းသာ တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့ နိုင်မှုနှင့်နှိုင်းယှဉ်လျှင်ဆန်ကွဲတန်ချိန်၃၃၀ဝကျော် လျော့နည်း ခဲ့သည်။ ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၅၃၇၇၀ ကျော်ရှိသဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၂၆၈၀ ကျော်  လျော့နည်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 

 

အေးအေးသန့်