Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီ၊ဒီဇယ်တန်ချိန်လေးသောင်းတစ်ထောင်ကျော်ဝင်

Wed, 07/23/2014 - 05:39 -- ydnar

 

ဇူလိုင်လ ၆ ရက်မှ  ဇူလိုင်လ ၁၂ ရက် သီတင်းပတ်အတွင်း  ဓာတ်ဆီတန်ချိန် ၁၂၂၁၆ ဒသမ ၃၅၈  တန်နဲ့ ဒီဇယ်တန်ချိန် ၂၉၂၃၂ ဒသမ ၂၇၉ တန်၊ စုစုပေါင်း တန်ချိန် ၄၁၄၄၈ ဒသမ ၆၃၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီ တန်ချိန် လေးထောင့်သုံးရာငါးဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီဇယ်က  ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ကိုးရာရှစ်ဆယ်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်၊ အောက်တိန်း မှာ ယခင်တစ်ပတ်ဈေးအတိုင်း ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်း ချနေတဲ့ဈေး မှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၅၀ ကျပ်၊ အောက်တိန်း ၉၄၀ ကျပ်နဲ့အဆင့်မြင့်ဒီဇယ် ၉၉၀ ကျပ်နဲ့ ရောင်းချ တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာအရောင်းအဝယ်ဖြစ်နေတဲ့ ဓာတ်ဆီဈေးမှာ  ဇူလိုင်လ ၁၄ ရက် နေ့မှာ ဝယ်ဈေး တစ်ပီပါ ၁၉၅၀၀၀ကျပ်၊ရောင်းဈေး တစ်ပီပါ ၁၉၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၇ ရက်နေ့မှာဝယ်ဈေး ၁၉၁၀၀၀ ကျပ်၊ ရော င်းဈေး ၁၉၃၀၀၀ ကျပ်နဲ့ဈေးကျပြီး  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင်တော့ ဝယ်ဈေး ၊ ရောင်းဈေး အနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ဒီဇယ်ဈေးမှာ ဇူလိုင်လ ၁၄ ရက်နေ့မှာ ဝယ်ဈေး ၁၈၉၀၀၀ ကျပ်၊ ရော င်းဈေး ၁၉၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ ၁၇ ရက် နေ့မှာ ဝယ်ဈေး ၁၉၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဝယ်ဈေး၊ ရောင်းဈေးများမှာတော့ ဒီတစ်ပတ်မှာလည်း ဓာတ် ဆီဈေးက ဝယ်ဈေးတစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။         
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ မန္တလေးဘက်မှာ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ၊ဒီဇယ်နဲ့အောက်တိန်း၊ အဆင့်မြင့်ဒီဇယ်မှာ ယခင်တစ်ပတ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ တစ်လီတာ၉၉၆ကျပ်၊ အောက်တိန်း ၁၀၁၀ကျပ်၊ ဒီဇယ် ၉၉၈ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၁၀၁၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ပီပါဈေးများမှာ ဇူလိုင်လ ၁၄ ရက်နေ့ဒီဇယ်ဝယ်ဈေးမှာ ၁၉၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာဇူလိုင်လ၁၇ ရက်နေ့မှာဝယ်ဈေး၁၉၃၀၀၀ ကျပ်၊ရောင်းဈေး၁၉၇၀၀၀ ကျပ်ကို ဈေးကျပြီး အရောင်း အဝယ်ဖြစ်ခဲ့တ ယ်လို့သိရပါတယ်။ဓာတ်ဆီဈေးမှာ ဇူလိုင်လ ၁၄ ရက်နေ့မှာ ဝယ်ဈေး ၁၉၆၅၀၀ ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ရာ ဇူလိုင်လ၁၅ ရက်နေ့မှာ ဝယ်ဈေး ၁၉၇၀၀၀ ကျပ်၊ ရောင်းဈေး၂၀၀၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပြင်ပလက်လီဆိုင် များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၃၀၀ ကျပ်၊ ရောင်းဈေး ၄၅၀၀ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၄၁၀၀ ကျပ်၊ ရောင်းဈေး ၄၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ဒီဇယ်မှာ ယခင်တစ်ပတ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆိုင်ဈေး များငြိမ်နေသလို ပြင်ပလက်လီဆိုင်များရဲ့ ဈေးများကလည်း ငြိမ်နေတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၂၀၀ ကျပ်၊အောက်တိန်း တစ်ဂါလန်၄၂၀၀ ကျပ်နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၄၂၀၀ ကျပ်၊ အောက်တိန်းတစ်ဂါလန် ၄၂၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါ တယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ငြိမ်နေသလိုပြင်ပ  လက်လီဆိုင်များရဲ့ဈေးမှာလည်းငြိမ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရှိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။