Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီ၊ဒီဇယ်တန်ချိန်နှစ်ရာရှစ်ဆယ်ကျော်သာဝင်

Fri, 08/29/2014 - 08:30 -- ydnar

 

သြဂုတ်လ၁၀ ရက်မှ သြဂုတ်လ ၁၆ ရက် သီတင်းပတ်အတွင်းဓာတ်ဆီတန်ချိန် ၁၄၁ ဒသမ ၀၄၂ တန်နဲ့ ဒီဇယ် တန်ချိန် ၁၄၈ ဒသမ ၃၈၇ တန်၊ စုစုပေါင်း တန်ချိန် ၂၈၉ ဒသမ ၄၂၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် အတွင်း ဓာတ်ဆီတန်ချိန် ၁၃၀ ဒသမ ၁၇၃ တန်ဝင်ခဲ့သောကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် ၁၀ ဒသမ ၈၆၉ တန်အဝင်ပိုခဲ့ပါတယ်။ ဒီဇယ်က ယခင်တစ်ပတ်မှာ ၇၅၇ ဒသမ ၄၀၂ တန်ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၆၀၉ ဒသမ ၀၁၆ တန် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

 

ရန်ကုန်ဈေးကွက်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်နဲ့အဆင့်မြင့်ဒီဇယ် ၊ အောက် တိန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၅၀ ကျပ်၊ အောက်တိန်း ၉၄၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်၉၉၀ကျပ်နဲ့ ရောင်းချတယ်လို့သိရပါတယ်။ဒီတစ်ပတ်ပြင်ပမှာအရောင်းအဝယ်ဖြစ်နေတဲ့ ဓာတ်ဆီေ ဈးမှာ  သြဂုတ်လ ၁၈ ရက်နေ့မှာဝယ်ဈေး တစ်ပီပါ ၁၉၀၀၀၀ ကျပ်၊ ရောင်းဈေး တစ်ပီပါ ၁၉၂၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ သြဂုတ်လ၂၂ ရက်နေ့ထိဒီဈေးနဲ့ပဲအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာ သြဂုတ်လ ၁၈ ရက်နေ့မှာ ဝယ်ဈေး ၁၉၀၀၀၀ကျပ်၊ ရောင်းဈေး၁၉၂၀၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာမှ သြဂုတ် လ ၂၁ရက်နေ့မှာဝယ်ဈေး ၁၈၉၀၀၀ကျပ်၊ ရောင်းဈေး၁၉၁၀၀၀ကျပ်နဲ့ ဈေးအနည်းငယ်ကျပြီးအရောင်းအဝယ်ဖြစ်ခဲ့ တယ် လို့သိရပါတယ်။တစ်ဂါလန်ဝယ်ဈေး၊ရောင်းဈေးများမှာတော့ဓာတ်ဆီဈေးကဝယ်ဈေးတစ်ဂါလန်၃၈၀၀ကျပ်ဖြ စ်ပြီး ရော င်းဈေး ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ ပါတယ်။         
မန္တလေးဈေးကွက်မှာဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၉၆၈ကျပ်၊ အောက်တိန်း ၉၉၈ ကျပ်၊ ဒီဇယ် ၉၉၈ ကျပ်၊ အဆင့်မြင့်ဒီဇယ်၁၀၃၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေး များမှာ သြဂုတ်လ၁၈ ရက်နေ့ဒီဇယ်ဝယ်ဈေးမှာ ၁၉၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် ခဲ့ရာ သြဂုတ်လ၂၁ရက်နေ့မှာဝယ်ဈေး၁၈၉၀၀၀ ကျပ်၊ ရောင်းဈေး၁၉၂၀၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ သြဂုတ်လ ၁၈ရက်နေ့မှာ ဝယ်ဈေး ၁၉၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၃၀၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ သြဂုတ်လ ၁၉ရက်နေ့မှစပြီး ဝယ်ဈေး၁၉၃၀၀၀ကျပ်၊ ရောင်းဈေး ၁၉၆၀၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး သြဂုတ်လ၂၁ ရက်နေ့မှာ ဝယ်ဈေး ၁၉၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၉၈၀၀၀ ကျပ်ကို ထပ်မံေ ဈးမြင့်ပြီးအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ် ဖြစ်နေ တဲ့ဈေးကဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး၄၁၀၀ကျပ်၊ ရောင်းဈေး၄၂၀၀ကျပ် ဖြစ်ပြီးဒီဇယ်ကဝယ်ဈေး၄၀၀၀ ကျပ်၊ ရောင်းေ ဈး ၄၂၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီနဲ့ဒီဇယ်မှာယခင်တစ်ပတ်ဈေးနဲ့အရောင်း အဝယ်ဖြစ် တယ်လို့သိရပါတယ်။ပုဂ္ဂလိကဆိုင်နဲ့ ပြင်ပလက်လီဆိုင်များရဲ့ ဈးများကလည်းငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ် တ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများနဲ့ ပြင်ပလက်လီဆိုင်များရဲ့ ဈေးနှုန်းများတူညီနေပြီးဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ဒီဇယ် တစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရှိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာဓာတ်ဆီ၊ဒီဇယ်ကပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ ဈေးငြိမ်နေသလို ပြင်ပ လက်လီဆိုင်များရဲ့ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။