Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် သုံးရာရှစ်ဆယ်ကျော်သာဝင်

Tue, 09/30/2014 - 13:02 -- ydnar

 

စက်တင်ဘာလ ၇ ရက်မှ  စက်တင်ဘာလ ၁၃ ရက် သီတင်းပတ်အတွင်း ဓာတ်ဆီတန်ချိန် ၁၈၁ ဒသမ ၈၉၃ တန်နဲ့ ဒီဇယ်တန်ချိန် ၂၀၆ ဒသမ ၁၆၃တန်၊ စုစုပေါင်းတန်ချိန်

၃၈၈ ဒသမ ၀၅၆တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှတင်သွင်းရန်သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့သိရပါတယ်။ယခင်သီတင်းပတ်အတွင်း ဓာတ်ဆီတန် ချိန် ၁၁၂၀ ဒသမ ၆၆၀တန်ဝင်ခဲ့သောကြောင့်ဒီတစ်ပတ်မှာ ဓာတ်ဆီတန် ချိန် ၉၃၈ ဒသမ ၇၆၇ တန် အဝင်ေ လျာ့ခဲ့ပါတယ်။ ဒီဇယ်က ယခင်တစ်ပတ်မှာ ၁၃၀၇၅ ဒသမ ၂၅၇ တန်ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၁၂၈၆၉ ဒသမ ၀၉၄ တန် အဝင်လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ အဝင်လျော့ ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ဒီဇယ်နဲ့အဆင့်မြင့် ဒီဇယ်၊ အောက် တိန်းမှာ ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာ ရောင်းချနေ တဲ့ဈေး မှာ ဓာတ်ဆီတစ်လီတာ ၈၀၄ ကျပ်၊ ဒီဇယ် ၉၄၀ ကျပ်၊ အောက်တိန်း ၉၃၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၈၀ ကျပ်နဲ့ ရောင်းချ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ အရောင်းအဝယ် ဖြစ်နေတဲ့ဓာတ်ဆီ ဈေးမှာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဓာတ်ဆီ ဈေးမှာဝယ်ဈေး တစ်ပီပါ ၁၉၃၀၀၀ကျပ်၊ ရောင်းဈေး တစ်ပီပါ ၁၉၅၀၀၀ ကျပ်နဲ့ အရောင်းအ ဝယ် ဖြစ်ခဲ့ ကာစက်တင်ဘာ ၁၆ ရက်နေ့မှာ ဝယ်ဈေး ၁၉၆၀၀၀ ကျပ်၊ ရောင်းဈေး ၂၀၀၀၀၀ ကျပ်သို့ဈေးတက်လာပြီးနောက် စက်တင်ဘာ ၁၈ရက်နေ့မှာ ဝယ်ဈေး ၂၀၀၀၀၀ကျပ်၊ ရောင်းဈေး ၂၀၂၀၀၀ ကျပ်ထိဈေးမြင့်လာပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီဇယ်ဈေးမှာစက်တင်ဘာလ ၁၅ ရက်နေ့မှာဝယ်ဈေး ၁၈၅၀၀၀ ကျပ် ၊ ရောင်းဈေး ၁၈၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဝယ်ဈေး၁၈၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၈၆၀၀၀ကျပ်သို့ဈေးကျပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တစ်ဂါလန်ဝယ်ဈေး၊ ရောင်းဈေးများမှာတော့ ဒီတစ်ပတ်မှာ လည်း ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံ မှ စုံစမ်း သိရှိခဲ့ပါတယ်။         
မန္တလေးဈေးကွက်မှာဓာတ်ဆီ၊ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ပုဂ္ဂလိကစက်သုံးဆီ ဆိုင်မှာရောင်း ချနေ တဲ့ဈေးမှာဓာတ်ဆီတစ်လီတာ ၉၈၀ ကျပ်၊ အောက်တိန်း ၉၉၆ ကျပ်၊ ဒီဇယ် ၉၉၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၁၀၀၀ကျပ်နဲ့ ရောင်းချ နေပါတယ်။ ပြင်ပလက်လီဆိုင်များ မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ စက်တင်ဘာ လ၁၅ရက်နေ့ဒီဇယ်ဝယ်ဈေးမှာ၁၈၇၀၀၀ကျပ်၊ရောင်းဈေး၂၀၀၀၀၀ကျပ်နဲ့ရောင်းချ နေပြီးစက်တင်ဘာ ၁၇ ရက်နေ့မှ စပြီးဝယ်ဈေး ၁၈၆၀၀၀ကျပ်၊ရောင်းဈေး၁၈၉၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ် ဆီဈေးမှာ စက်တင်ဘာလ၁၅ရက်နေ့မှာဝယ်ဈေး၁၉၀၀၀၀ကျပ်၊ ရောင်းဈေး ၁၉၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ် ဈေး ၃၉၀၀ကျပ်၊ ရောင်းဈေး ၄၀၀၀ကျပ်ဖြစ်ပြီး ဒီဇယ် က ဝယ်ဈေး ၃၇၀၀ ကျပ်၊ ရောင်းဈေး၃၈၀၀ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီနဲ့ဒီဇယ်မှာ ယခင်တစ်ပတ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ပြီးေ ရာင်းချတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြင်ပဆိုင် များရောင်းချတဲ့ဈေးနဲ့အတူတူဖြစ် တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ် ဆီ တစ်ဂါလန် ၄၃၀၀ ကျပ်၊ဒီဇယ်တစ်ဂါလန် ၄၃၀၀ကျပ်နဲ့ရောင်းချ တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာဓာတ်ဆီ တစ်ဂါလန် ၄၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၃၀၀ကျပ်နဲ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။
မုံရွာဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရ ပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးငြိမ် နေသလိုပြင်ပလက်လီဆိုင်များရဲ့ဈေးမှာလည်းပြောင်းလဲမှုမရှိပဲငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာဓာတ်ဆီတစ်ဂါလန်၄၀၀၀ကျပ်၊ဒီဇယ် ၄၀၀၀ကျပ် နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့သိရှိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာဓါတ်ဆီ ၄၀၀၀ကျပ်၊ဒီဇယ် ၄၀၀၀ကျပ်နဲ့အရောင်း အဝယ်ဖြစ် တယ် လို့ သိရပါတယ်။