အတွဲ(၁၅)အမှတ်(၅)
ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၄ ရက် =သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၅၂၃၁၇၇၆ တန်ဖိုးရှိ ဓါတ်ဆီ ၅၃ ဒသမ ၂၄ တန်နဲ့ ကန်ဒေါ်လာ ၂၉၅၇၂၁၁၅ တန်ဖိုးရှိ ဒီဇယ် ၃၈၆ ဒသမ ၄၉၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင် သီတင်းပတ်အတွင်း ဓာတ်ဆီအဝင် ၅၁ ဒသမ ၄၈ တန်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၁ ဒသမ ၇၆ တန် အဝင်ပိုခဲ့ပါတယ်။ ဒီဇယ်က ယခင်တစ်ပတ်မှာ ၃၂၇ ဒသမ ၈၇ တန် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၈ ဒသမ ၆၂၆ တန် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါအဝင်ပို ခဲ့တယ် လို့ သိရပါတယ်။
ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဇန်နဝါရီ ၂၆ ရက်နေ့မှဇန်နဝါရီ ၃၀ ရက်အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ်တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်နဲ့ ရန်ကုန်မှာ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ် တယ်လို့သိရပါတယ်။ဒီတစ်ပတ်ပြင်ပမှာလက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင်ရန်ကုန်မှာ ဒီဇယ်ရော ဓာတ်ဆီပါ ဈေးအနည်းငယ်ကျပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက် မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီမှာ ဈေးငြိမ်ပြီး၊ အောက်တိန်းနဲ့ ဒီဇယ်မှာ ဈေးအနည်းငယ်ကျကာအဆင့်မြင့် ဒီဇယ်မှာ ဈေးတော်တော်ကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၆၄၀ ကျပ်၊ အောက်တိန်း ၅၄၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၇၁၀ ကျပ်နဲ့ရောင်းချတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ဓာတ်ဆီဈေးမှာ ဇန်နဝါရီ ၂၆ ရက် ဓာတ်ဆီဝယ်ဈေး တစ်ပီပါ ၁၆၀၀၀၀ ကျပ်၊ရောင်းဈေး တစ်ပီပါ ၁၆၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တစ်ပီပါ ကျပ် တစ်သောင်းဝန်းကျင်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာ ဇန်န ဝါရီ ၂၆ ရက်မှာ ဝယ်ဈေး၁၂၀၀၀၀ကျပ်၊ ရောင်းဈေး ၁၂၂၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး တစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။တစ်ဂါလန်ဝယ်ဈေး၊ ရောင်းဈေးများမှာတော့ ဒီတစ်ပတ်မှာလည်း ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၃၃၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၃၅၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၅၀၀ကျပ်ဝယ်ပြီး ၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓါတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။
မန္တလေးဈေးကွက် မှာဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဈေးရော အပြင်လက်လီဆိုင်များမှာ ရောင်းချနေတဲ့ဈေးမှာ ဒီတစ်ပတ်ဈေး ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၄၇ ကျပ်၊ အောက်တိန်း ၆၇၀ ကျပ်၊ ဒီဇယ် ၇၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၄၇ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများ မှာ ဇန်နဝါရီ ၂၆ ရက်ဒီဇယ်ဝယ်ဈေးမှာ ၁၂၃၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၈ ရက်မှာ ဝယ်ဈေး ၁၂၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၃၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇန်နဝါရီ ၂၆ ရက်မှာ ဝယ်ဈေး ၁၃၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၈ ရက်မှာ ဝယ်ဈေး ၁၃၃၂၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၂၀၀ ကျပ်၊ ဓာတ်ဆီ ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက် မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ အောက်တိန်း မှာဈေးငြိမ်ပြီး ဒီဇယ်မှာဈေးကျကာအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ် ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၃၃၀ ကျပ်၊အောက်တိန်း ၃၁၅၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၃၃၀ ကျပ်၊အောက်တိန်း ၃၁၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။
တောင်ကြီးဈေးကွက် မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးများငြိမ်နေသလို ပြင်ပ လက်လီဆိုင်များရဲ့ ဈေးမှာလည်းငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၂၈၀၀ ကျပ်၊ ဒီဇယ် ၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ ၃၀၀၀ ကျပ်၊ ဒီဇယ် ၃၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။