Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခုနစ်ရာ့ကိုးဆယ်ကျော်ဝင်

Wed, 02/18/2015 - 21:32 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၃၇၄၇၉၉၀ ဒသမ ၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၁၅၂ ဒသမ ၂၆၇ တန်နဲ့ ကန်ဒေါ်လာ ၆၁၈၇၄၁၇၂ ဒသမ ၉၆ တန်ဖိုးရှိ ဒီဇယ် ၆၃၈ ဒသမ ၃၇၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှတင်သွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်အတွင်း ဓာတ်ဆီအဝင် ၁၀၂ ဒသမ ၁၅၅ တန် အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၀ ဒသမ ၁၁၂ တန်အဝင်ပိုခဲ့ပြီး ဒီဇယ် က ယခင်တစ်ပတ်မှာ ၃၂၉ ဒသမ ၉၉  တန် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၃၀၈ ဒသမ ၃၈၉ တန်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီရော ဒီဇယ်ပါ အဝင်ပိုခဲ့တယ်လို့ သိရ ပါတယ်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက် အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ် တောင်ကြီးနဲ့ မော်လမြိုင်မှာ ဈေးကျလာပြီး ရန်ကုန်မှာ ဈေးငြိမ်တယ်လို့ သိရပါတယ်။ ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ယခင်တစ် ပတ်ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင်  ရန်ကုန်မှာ  ဒီဇယ်ရော  ဓာတ်ဆီပါဈေး  အနည်းငယ်ကျပြီး
အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာတော့ ဓာတ်ဆီဈေးငြိမ်နေ ပြီး အောက်တိန်း၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၆၈၀ ကျပ်၊ အောက်တိန်း ၅၈၀ ကျပ်နဲ့ အဆင့် မြင့်ဒီဇယ် ၇၃၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပမှာ အရောင်းအဝယ်ဖြစ် နေတဲ့ ဓာတ်ဆီဈေးမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ဓါတ်ဆီဝယ်ဈေး တစ်ပီပါ ၁၆၅၀၀၀ ကျပ်၊ရောင်းဈေး တစ်ပီပါ ၁၆၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၁၂ ရက်မှာ ဝယ်ဈေး ၁၇၀၀၀၀  ကျပ်၊ ရောင်းဈေး ၁၇၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာ ဖေဖော်ဝါရီ ၉ ရက် မှာ ဝယ်ဈေး ၁၁၆၀၀၀ကျပ်၊ ရောင်းဈေး ၁၁၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ်လုံး ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဝယ်ဈေး၊ ရောင်းဈေးများ မှာတော့  ဓါတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၂၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၃၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၀၀ ကျပ်ဝယ်ပြီး ၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဓါတ်ဆီ၊ ဒီဇယ်အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဈေးရော အပြင်လက်လီဆိုင်များမှာ ရောင်းချနေတဲ့ဈေးမှာ ဒီတစ်ပတ် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေး မှာ ဓာတ်ဆီတစ်လီတာ ၈၄၇ ကျပ်၊ အောက်တိန်း ၆၆၀ ကျပ်၊ ဒီဇယ် ၆၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၉၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဖေဖော်ဝါရီ ၉ ရက် ဒီဇယ်ဝယ်ဈေးမှာ ၁၂၁၀၀၀ ကျပ်၊ရောင်းဈေး ၁၂၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁၂ ရက်နေ့ မှာ ဝယ်ဈေး ၁၂၃၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဖေဖော်ဝါရီ ၉ ရက်က ဝယ်ဈေး ၁၄၉၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် ဒီတစ် ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါဈေးအနည်းငယ်ပြန်တက်လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များရဲ့ တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၂၀၀ ကျပ်၊ ဓာတ်ဆီ ၃၈၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီမှာဈေးငြိမ်ပြီး ဒီဇယ်နဲ့ အောက်တိန်းမှာဈေးကျပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီတစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၁၅၀ ကျပ်၊အောက်တိန်း ၂၉၂၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၁၅၀ ကျပ်၊အောက်တိန်း ၂၉၂၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်  ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးအနည်းငယ် ပြန်မြင့်လာပြီး ဒီဇယ်ဈေးမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဆိုင်ဈေးတက်လာ သလို ပြင်ပလက်လီဆိုင်များရဲ့ဈေးမှာလည်း အနည်းငယ်တက်လာတယ်လို့ သိရပါ တယ်။ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၂၆၀၀ ကျပ်၊ ဒီဇယ်၂၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ ၃၀၀၀ ကျပ်၊ ဒီဇယ် ၂၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
သီတာဝင်း-MIRT-DOT