Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခုနစ်ရာ့ကိုးဆယ်ကျော်ဝင်

Wed, 02/25/2015 - 19:15 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

    ဓာတ်ဆီ၊ဒီဇယ်တန်ချိန် ခုနစ်ရာ့ကိုးဆယ်ကျော်ဝင်
          ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၈၇၈၅၆၄၈ ဒသမ ၄၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၀၆ ဒသမ ၆၃၉ တန်နဲ့ ကန်ဒေါ်လာ ၈၀၄၅၉၅၅၆ ဒသမ ၄၆ တန်ဖိုးရှိ ဒီဇယ် ၈၅၁ ဒသမ ၁၅၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်အတွင်း ဓာတ်ဆီအဝင် ၁၅၂ ဒသမ ၂၆၇ တန် အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၄ ဒသမ ၃၇၂ တန်အဝင်ပိုခဲ့ပါတယ်။ ဒီဇယ် က ယခင်တစ်ပတ်မှာ ၆၃၈ ဒသမ ၃၇၉ တန်ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၂၁၂ ဒသမ ၇၇၅ တန်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီရော ဒီဇယ်ပါ အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဖေဖော်ဝါရီ ၁၆ ရက်မှ  ဖေဖော် ဝါရီ ၂၀  ရက်အတွင်း  ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ် တောင်ကြီး နဲ့ မော်လမြိုင်မှာဈေးငြိမ်ပြီး ရန်ကုန်မှာ ဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေး များမှာလည်း ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဒီဇယ်ဈေးအနည်း ငယ်မြင့်လာပေမယ့် ဓာတ်ဆီဈေးအနည်းငယ်ကျပြီး အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-
           ရန်ကုန်ဈေးကွက် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ မှာဈေးငြိမ်နေပြီး အောက်တိန်း၊ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးအနည်းငယ်မြင့် လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၆၈၀ ကျပ်၊ အောက်တိန်း ၅၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။  ပြင်ပမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ဓာတ်ဆီဈေးမှာ ဖေဖော်ဝါရီ ၁၆ ရက် ဝယ်ဈေး တစ်ပီပါ ၁၆၅၀၀၀ ကျပ်၊ရောင်းဈေး တစ်ပီပါ ၁၆၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၁၈ ရက် နေ့မှာ ဝယ်ဈေး ၁၆၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၆၆၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဝယ်ဈေး၁၂၄၀၀၀ကျပ်၊ ရောင်းဈေး ၁၂၆၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ၁၈ ရက်မှာ ဝယ်ဈေး ၁၂၆၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဝယ်ဈေး၊ ရောင်းဈေး များမှာတော့ ဒီတစ် ပတ်မှာ ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၂၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၃၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၀၀ ကျပ်ဝယ်ပြီး ၂၆၀၀-၂၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဓာတ်ဆီ၊ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။  

       မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ပုဂ္ဂလိကဈေးရောအပြင်လက်လီဆိုင်များမှာ ရောင်းချနေတဲ့ဈေးမှာ ဒီတစ်ပတ် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ဈေးမှာ ဓါတ်ဆီတစ်လီတာ ၈၄၇ ကျပ်၊အောက်တိန်း ၆၆၀ ကျပ်၊ ဒီဇယ် ၆၈၀ ကျပ်၊အဆင့်မြင့်ဒီဇယ် ၇၉၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ဒီဇယ် ဝယ်ဈေး မှာ ၁၃၁၀၀၀ ကျပ်၊ရောင်းဈေး ၁၃၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁၇ ရက် မှာ ဝယ်ဈေး ၁၃၂၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၅၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဝယ်ဈေး ၁၅၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၅၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ၁၈ ရက်မှ စပြီး ဝယ်ဈေး ၁၆၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၆၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ သိရပါတယ်။  ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၄၀၀ ကျပ်၊ ဓာတ်ဆီ ၃၈၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ  ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၁၅၀ ကျပ်၊အောက်တိန်း ၂၉၂၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါ လန် ၃၁၅၀ ကျပ်၊  အောက်တိန်း ၂၉၂၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဆိုင်ဈေးတက်လာသလို ပြင်ပလက်လီဆိုင်များရဲ့ ဈေးမှာလည်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီ ဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၂၆၀၀ ကျပ်၊ ဒီဇယ် ၂၈၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓါတ်ဆီ ၃၀၀၀ ကျပ်၊ ဒီဇယ် ၂၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။