Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန်ခုနစ်ရာကျော်ဝင်

Thu, 06/11/2015 - 20:40 -- journal_editor

အတွဲ(၁၅)အမှတ်(၂၁)

          မေ ၂၃ ရက်မှ  ၃၀ ရက်  သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၀၉၉၄၃၉၂   တန်ဖိုးရှိ ဓါတ်ဆီ ၁၈၃ ဒသမ ၅၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းရန်  သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။  ဒီဇယ်က ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ဘူးလို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၃၉၅ တန်ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ ၂၁၂ ဒသမ ၂၁၇ တန် အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလမှာ ဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်းမှာ ၂၁၇၅ ဒသမ၁၆၈ တန်ရှိခဲ့ပြီး ဧပြီလမှာ၁၀၈၄ ဒသမ ၉၈၃ တန် ရှိခဲ့တာကြောင့် မေလမှာ ၁၀၉၀ ဒသမ၁၈၅ တန် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
 ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ  ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့ အတွင်းရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက မော်လမြိုင်၊ ရန်ကုန်နဲ့ တောင်ကြီး မှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါ ဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနှင့်  နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာဓာတ်ဆီရော၊ ဒီဇယ်ပါ ဈေးအပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်။
         ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့   ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးနည်းနည်းကျလာတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ဈေးမှာဒီဇယ် ၆၉၀ ကျပ်၊ အောက်တိန်း ၇၃၀ ကျပ်၊  အဆင့်မြင့်ဒီဇယ် ၇၃၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ် တယ်လို့သိရပါတယ်။  ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ ဇွန်လ ၁ ရက် ဓာတ်ဆီ ဝယ်ဈေး ၁၄၂၀၀၀ ကျပ်၊ရောင်းဈေး ၁၄၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ၄ရက်မှာတော့ ဝယ်ဈေး၊ရောင်းဈေး ၃၀၀၀ ကျပ်  ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။  ဒီဇယ်ဈေးမှာ  ဇွန်လ ၁ ရက်မှာ ဝယ်ဈေး ၁၄၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၃၀၀၀ ကျပ်နဲ့ တစ်ပတ်လုံးဒီဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန် ဝယ်ဈေး၊ ရောင်းဈေးများမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ် လို့ ဓာတ်ဆီ၊ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်း သိရှိခဲ့ပါတယ်။          မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်  ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ဓာတ်ဆီနဲ့ အောက်တိန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။  ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ဈေးမှာ ဓါတ်ဆီ တစ်လီတာ ၇၇၀ ကျပ်၊ အောက်တိန်း ၇၇၀ ကျပ်၊ ဒီဇယ် ၇၂၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်၇၉၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ   အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၁ ရက်မှာ ဒီဇယ် ဝယ်ဈေး ၁၄၂၀၀၀ ကျပ်၊  ရောင်းဈေး ၁၄၅၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ရာ၄ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ၁၀၀၀ ကျပ် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန် ၁ ရက်နေ့ ဝယ်ဈေး ၁၄၆၀၀၀ကျပ်၊ ရောင်းဈေး ၁၄၉၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ဇွန်လ၂ ရက်တွင် ဝယ်ဈေး၊ရောင်းဈေး ၁၀၀၀ ကျပ်ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ပြင်ပလက်လီဆိုင်များတွင်တစ်ဂါလန် ဈေးမှာ ဒီဇယ် ၃၄၀၀ ကျပ်၊ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက် တိန်းမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန်  ၃၇၈၀ ကျပ်၊ ဒီဇယ် တစ် ဂါလန်  ၃၂၈၅ ကျပ်၊ အောက်တိန်း ၃၄၆၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါ တယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၃၀၀ ကျပ်၊ အောက်တိန်း ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က  ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။  ဒီတစ်ပတ် စက်သုံးဆီဈေးများ ငြိမ်နေတယ်လို့ သိရပါတယ်။ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၄၀၀ ကျပ်၊ ဒီဇယ်  ၃၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရှိရပါတယ်။  ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၃၅၀၀ ကျပ်၊ ဒီဇယ်၃၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့   သိရပါ တယ်။                                                                                     
 
MIRT-DOT