Main menu

Background

ဒီဇယ် တန်ချိန် ၂၅၀၀ ကျော်နဲ့ ဓာတ်ဆီတန်ချိန် ခုနစ်ရာကျော်တင်သွင်း

Tue, 06/14/2016 - 13:20 -- journal_editor

          မေ ၂၉ ရက်မှ ဇွန် ၄ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၆၂၇၆၀၅၄၀တန်ဖိုးရှိ ဒီဇယ် ၁၅၁၂ ဒသမ ၃၆၁ တန်နဲ့ ကန်ဒေါ်လာ ၂၇၉၆၆၉၅၇ တန်ဖိုးရှိ ဓာတ်ဆီ ၆၄၅ ဒသမ ၀၈၉ တန်ကို တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီအဝင်မရှိဘဲ ဒီဇယ်၉၂ တန်ကျော်သာ ဝင်လာခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်ရောဓာတ်ဆီပါ ဝင်အားကောင်းခဲ့တယ်လို့ သိရပါ တယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီ လ မှာ ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်း ၃၄၄၄ တန်ကျော် တင်သွင်းခဲ့ပြီး မေလမှာ တန်ချိန်၂၃၀၀ ကျော် တင်သွင်းခဲ့တာကြောင့် မေလမှာ တန်ချိန် ၁၁၃၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်း မှ ကန်ဒေါ်လာ၃၅၄၆၅၈တန်ဖိုးရှိ ဒီဇယ် တန်ချိန် ၇၄၀ ၊တာချီလိတ်စခန်းမှ ကန်ဒေါ်လာ၄၀၀၇၅ တန်ဖိုးရှိ ဒီဇယ် ၁၀၈တန်နဲ့ ကန်ဒေါ်လာ၄၅၀၅၈ တန်ဖိုးရှိ ဓာတ်ဆီ တန်ချိန် ၁၀၀၊မြဝတီစခန်းမှ ကန်ဒေါ်လာ ၂၂၆၈၇ တန်ဖိုးရှိ ဓာတ်ဆီ ၂၁ တန်နဲ့ ကန်ဒေါ်လာ ၆၄၉၉၈ တန်ဖိုးရှိ ဒီဇယ်၁၈၂ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
           ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ  ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ် ဈေးများက တောင်ကြီးမှာဈေးငြိမ်နေပြီး မော်လမြိုင်နဲ့ ရန်ကုန်မှာ ဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပမှာ  လက်လီေ ရာင်းချနေတဲ့  ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီဈေးငြိမ်နေပြီး၊ ဒီဇယ်ဝယ်ဈေးအနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်များမှာ  ရောင်းချနေတဲ့  အောက်တိန်း(၉၂)၊ဒီဇယ်၊ အဆင်မြင့် ဒီဇယ်နဲ့ အောက်တိန်း (၉၅)မှာ ဈေးငြိမ်နေ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ် ၅၃၀ ကျပ်၊ အောက်တိန်း (၉၂) ၅၇၀ ကျပ်၊ အောက်တိန်း(၉၅) ၆၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၇၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဇွန် ၆ ရက် ဒီဇယ်ဝယ်ဈေး ၁၀၈၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၀၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ဇွန် ၉ ရက်တွင် ဝယ်ေ ဈး၊ ရောင်းဈေး ၂၀၀၀ ကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီပီပါ ဈေးမှာ ဇွန် ၆ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အေ ရာင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီ ပါ တစ်ဂါလန် ၂၈၀၀-၃၀၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ရှိေ နတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။  ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၇၀၀ ကျပ်၊ ဒီဇယ် ၅၇၅ ကျပ်၊အဆင့်မြင့် ဒီဇယ် ၆၂၅ ကျပ်၊   အောက်တိန်း (၉၂) ၆၄၀ ကျပ်နဲ့ ရောင်းချနေပါတယ်။   ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၆ ရက် ဒီဇယ် ဝယ်ဈေး၁၁၃၅၀၀ ကျပ်၊ ရောင်းေ ဈး ၁၁၅၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ ဇွန် ၉ ရက်တွင် ဝယ်ဈေး ၁၁၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၇၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန် ၆  ရက်တွင် ဝယ်ဈေး ၁၂၇၀၀၀ ကျပ်၊ ေ ရာင်းဈေး ၁၂၉၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ်၂၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြ စ်တယ်လို့သိရပါတယ်။
                မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ ၊ အောက်တိန်း နဲ့ ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချ နေတဲ့ဈေးများက ဓာတ်ဆီတစ်ဂါလန် ၃၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၅၂၀ကျပ်၊ အောက်တိန်း ၂၇၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင် များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ် တစ်ဂါလန်၂၆၀၀ကျပ်၊ အောက် တိန်း တစ်ဂါလန် ၂၇၀၀ ကျပ်နဲ့ အေ ရာင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။

 

MIRT-DOT