Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုနားခဲ့

Wed, 08/10/2016 - 13:59 -- journal_editor

        ဇူလိုင် ၂၄ရက်မှ ၃၀ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်၊  ဓာတ်ဆီ တင်သွင်းမှုရပ်နားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စက်ဆီ၊ ချောဆီများသာ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ လချုပ်အေ န နဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်းဒီဇယ်၊ ဓာတ်ဆီ တင်သွင်းမှုမှာ တန်ချိန် ၂၅၉၃ တန်ကျော်ရှိခဲ့ပြီး ဇူလိုင်လမှာ တန်ချိန်၈၈၀ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာဒီဇယ်၊ဓာတ်ဆီတန်ချိန် ၁၇၁၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ် လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်းမှ ကန်ဒေါ်လာ ၅၅၀၆၂၅ တန်ဖိုးရှိ ဒီဇယ် တန်ချိန် ၁၁၁၀ တင်သွင်းခဲ့သလို မြဝတီစခန်းမှ ကန်ဒေါ်လာ ၁၁၅၇၈ တန်ဖိုးရှိ ဒီဇယ် ၃၁တန်နဲ့ ကန်ဒေါ်လာ ၂၅၇၈၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၅တန်နဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ၂၆၂၁၈၀တန်ဖိုးရှိ ဓာတ်ဆီ ၅၂၅ တန်နဲ့ ကန်ဒေါ်လာ ၂၅၅၅၇၅ တန်ဖိုးရှိ ဒီဇယ် ၅၇၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
        ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့  အောက်တိန်း (92)၊ ဒီဇယ်၊ အဆင်မြင့်ဒီဇယ်နဲ့ အောက်တိန်း (95)မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက် သုံးဆီဆိုင် မှာ ရောင်းချ နေတဲ့ဈေးမှာ ဒီဇယ်၅၀၀ ကျပ်၊အောက်တိန်း (92) ၅၀၀ ကျပ်၊ အောက်တိန်း (95) ၆၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၅၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၁ ရက် ဒီဇယ်ဝယ်ဈေး ၁၀၀၀၀၀ ကျ ပ်၊ ရောင်းဈေး ၁၀၅၀၀၀ ကျပ် ဈေးရှိခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ၂၀၀၀ ကျပ်ဝန်းကျင်ဈေးကျခဲ့တယ်လို့သိရပါတယ်။ဓာတ် ဆီပီပါဈေးမှာ သြဂုတ် ၁ ရက် တွင် ဝယ်ဈေး ၁၂၁၀၀၀ကျပ်၊ ရောင်းဈေး ၁၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂ ရက်တွင် ဝယ်ဈေး၁၁၉၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၂၀၀၀ကျပ် နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေး နဲ့ယှဉ်ရင် ဝယ်ဈေး၊ ရောင်းဈေး ၃၀၀၀ ကျပ်ဝန်းကျင်ဈေးကျခဲ့တယ်လို့ သိရပါတယ်။တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီပါ တစ်ဂါလန်၂၈၀၀-၃၀၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
         မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတ ယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၅၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၀၀ကျပ်၊ အောက်တိန်း (၉၂) ၆၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပ လက်လီဆိုင်များမှာ အရောင်းအ ဝယ်ဖြစ်နေတဲ့  ပီပါဈေးများမှာ သြဂုတ်လ၁ ရက်ဒီဇယ်ဝယ်ဈေး ၁၀၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၉၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ဝယ်ဈေး ၁၀၃၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၇၀၀၀ ကျပ် ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်အရောင်းအဝယ် ဖြစ်တဲ့ဈေးနဲ့ယှဉ်ရင် ဝယ်ဈေး၊ ရောင်းဈေး ၅၀၀၀ ကျပ်ဝန်းကျင်ဈေးကျလာခဲ့တယ် လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ  သြဂုတ် ၁ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ ကျ ပ်၊ ရောင်းဈေး ၁၃၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ဈေးကျခဲ့သော် လည်း ဓာတ်ဆီဈေးငြိမ်နေခဲ့တယ်လို့ သိရပါတယ်။  ပြ င်ပ လက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ  ဒီဇယ် ၂၆၀၀ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
        တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၂၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀၀ ကျပ်နဲ့ ရောင်းချတယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၂၉၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံ မှန် အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ ဈေးများက ဓာတ်ဆီတစ် ဂါလန် ၃၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၅၅ ကျပ်၊ အောက်တိန်းတစ်ဂါလန် ၂၆၁၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀၀ ကျပ်၊ ေ အာက်တိန်းတစ်ဂါလန် ၂၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ 

 

MIRT-DOT