Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တင်သွင်းမှုနားခဲ့

Wed, 08/17/2016 - 14:23 -- journal_editor

       ဇူလိုင် ၃၁ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်းကန်ဒေါ်လာ ၁၄၅၆၈၆၆ တန်ဖိုးရှိ ဒီဇယ်၃၈ ဒသမ ၀၈၈ တန်နဲ့ ကန်ဒေါ်လာ ၁၈၀၅၁၅၃ တန်ဖိုးရှိ ဓာတ်ဆီ ၃၆ ဒသမ ၆၄၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ အဆင့်မြင့်ဒီဇယ်နဲ့ ၉၂ ပဲတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ရော ဓာတ်ဆီပါအဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်စခန်း များဖြစ်တဲ့  မြဝတီစခန်းမှ  ကန်ဒေါ်လာ ၂၅၈၈၂ တန်ဖိုးရှိ ဓာတ်ဆီ ၅၄ တန်တင်သွင်းခဲ့သလို မြိတ်စခန်းမှ ကန်ဒေါ်လာ ၅၇၆၁၂ တန်ဖိုးရှိ ဓာတ်ဆီ တန်ချိန် ၁၀၀ နဲ့ ကန်ဒေါ်လာ၂၃၁၁၅ တန်ဖိုးရှိ ဒီဇယ် ၄၆ တန်၊ ကော့သောင်း မှ ကန်ဒေါ်လာ ၇၄၆၉၀ တန်ဖိုးရှိ ဒီဇယ် ၁၀၁ ဒသမ ၂၀၅ တန်နဲ့ တာချီလိတ်မှ ကန်ဒေါ်လာ ၁၃၇၀၄၇ တန်ဖိုးရှိ ဒီဇယ်၂၇၆ ဒသမ ၅၃၆ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ  ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မှာ ရောင်းချနေတဲ့ အောက်တိန်း(၉၂)၊ ဒီဇယ်၊ အဆင်မြင့်ဒီဇယ်နဲ့ အောက်တိန်း(၉၅)မှာ ဈေးအနည်း ငယ် ပြန်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၅၁၀ ကျပ်၊အောက် တိန်း (၉၂) ၅၂၀ ကျပ်၊ အောက်တိန်း (၉၅) ၅၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်၅၄၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၈ ရက် ဒီဇယ်ဝယ်ဈေး ၁၀၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၃၀၀၀ ကျပ် ဈေးရှိခဲ့ရာမှ ၁၀ရက်တွင် ဝယ်ဈေး ၁၀၀၀ကျပ်၊ ရောင်းဈေး၂၀၀၀ ကျပ် ဈေး မြင့်လာခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီပီပါဈေးမှာ သြဂုတ် ၈ ရက်တွင် ဝယ်ဈေး ၁၂၀၀၀၀ ကျပ်၊ရောင်းဈေး ၁၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁၀ ရက်တွင် ဝယ်ဈေး၊ ေ ရာင်းဈေး ၁၀၀၀ ကျပ် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီရောဒီဇယ်ပါ ဈေးနည်းနည်း မြင့်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဈေးမှာ မပြောင်းဘဲ ဒီဇယ်ရော ဓာတ်ဆီပါ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ တစ်ဂါလန် ၂၈၀၀-၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။           
          မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။  ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ၆၄၅ ကျပ်၊ဒီဇယ် ၅၅၅ ကျပ်၊အဆင့်မြင့် ဒီဇယ် ၆၀၀ ကျပ်၊ အောက်တိန်း (၉၂) ၆၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက် လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၈ ရက် ဒီဇယ် ဝယ်ဈေး ၁၀၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၉ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ၁၀၀၀ ကျပ်ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် အရောင်းအ ၀ ယ်ဖြစ်တဲ့ဈေးနဲ့ယှဉ်ရင် ဈေးအတက်အကျသိပ်မရှိဘူးလို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ သြဂုတ် ၈ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြ စ်တယ်လို့ သိရပါတယ်။  ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင်   ဒီဇယ် ၁၀၀၀ ကျပ်ဝန်းကျင် ဈေးအတက်အကျဖြစ်ခဲ့ပေမယ့် ဓာတ်ဆီဈေးငြိမ်နေခဲ့တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၂၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
          တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများ မှာ ဓာတ်ဆီတစ်ဂါလန် ၂၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀၀ ကျပ်နဲ့ ရောင်းချတယ် လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၂၉၀၀ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ဒီတစ်ပတ်ဓာတ်ဆီဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ဈေးများက ဓာတ်ဆီတစ်ဂါလန်  ၃၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၆၅ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၅၂၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး ပြင်ပလက်လီဆိုင် များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀၀ ကျပ်၊ အောက် တိန်း တစ်ဂါလန် ၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

MIRT-DOT