Main menu

Background

ဒီဇယ် တန်၆၀နီးပါးနဲ့ ဓာတ်ဆီတန်ချိန် ၇၀ဝ နီးပါးတင်သွင်း

Wed, 09/21/2016 - 15:12 -- journal_editor

      စက်တင်ဘာ၄ရက်မှ၁၀ရက်သီတင်းပတ်အတွင်းကန်ဒေါ်လာ ၂၃၇၁၈၃၇ တန်ဖိုးရှိ ဒီဇယ် ၅၉ ဒသမ ၂၅ တန်နဲ့ ကန်ဒေါ်လာ၃၅၁၉၆၇၇၄တန်ဖိုးရှိ ဓာတ်ဆီ ၆၅၇ ဒသမ ၃၅၅ တန်ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ(၉၂)(၉၅)နဲ့ အဆင့်မြင့်ဒီဇယ်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ တန်ချိန် ၁၂၇၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်တင်သွင်းမှုတော်တော်လေး  လျော့နည်းခဲ့ ပါတယ်။ ယခင် သီတင်းပတ်က ဓာတ်ဆီတင်သွင်းမှု မရှိခဲ့ ဘဲ ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့  မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၄၈၄ တန်ဖိုးရှိ ဒီဇယ်တန်ချိန် ၁၂၀ နဲ့ ကန်ဒေါ်လာ ၂၀၃၇၂ တန်ဖိုးရှိ ဓာတ်ဆီ ၃၃၀ တန်တင်သွင်းခဲ့သလို တာချီလိတ်စခန်းမှ ကန်ဒေါ်လာ၁၈၉၅၇၄ တန်ဖိုးရှိ ဒီဇယ် ၄၃၁ ဒသမ၂၅၂ တန်နဲ့ ကန်ဒေါ်လာ၅၂၇၂၆ တန်ဖိုးရှိ ဓာတ် ဆီ တန်ချိန် ၁၂၀၊ မြိတ်စခန်းမှ ၄၅၅၅၅၆ တန်ဖိုးရှိ ဒီဇယ် ၁၀၂၀တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
       ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92) နဲ့ ေ အာက်တိန်း (95) တို့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ်၅၄၀ ကျပ်၊ အောက်တိန်း (92) ၅၄၀ ကျပ်၊ အောက်တိန်း (95) ၆၂၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၅၇၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၂ ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၀၅၀ဝဝ  ကျ ပ်၊ ရောင်းဈေး ၁၁၀ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၅ ရက်က ဝယ်ဈေး ၂၀ဝ၀ ကျပ်ဈေးမြင့်ခဲ့သော်လည်း ရောင်းဈေး ၁၀ဝ၀ ကျပ်ဈေးကျပြီးအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဓာတ်ဆီဈေး မှာ စက်တင်ဘာ ၁၂ ရက်တွင် ဝယ်ဈေး ၁၂၅၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၂၈၀ဝ၀ ကျပ်နဲ့ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးနည်းနည်းမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီတစ်ဂါလန် တစ်ဂါလန် ၂၈၀ဝ၊ ဒီဇယ်တစ်ဂါ လန် ၂၅၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
      မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်  ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေ တဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ဒီဇယ် ၅၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၈၀ ကျပ်၊အော က်တိန်း (92) ၅၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ စက် တင်ဘာ၁၂ ရက် ဒီဇယ်ဝယ်ဈေး ၁၁၁၀ဝ၀ ကျပ်၊ ရော င်းဈေး ၁၁၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ စက်တင်ဘာ ၁၂ရက်တွင် ဝယ်ဈေး ၁၃၀ဝ ဝဝ ကျပ်၊ ရောင်းဈေး ၁၃၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီဈေးငြိမ်နေပေမယ့် ဒီဇယ်ဈေး နည်းနည်းမြင့်ခဲ့တယ်လို့သိရပါ တယ် ။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေး မှာ ဒီဇယ် ၂၆၀ဝကျပ်၊ ဓာတ်ဆီ ၃၀ဝ၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
       မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတ ယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀ဝ၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်၂၅၆၅ကျပ် ၊ အောက်တိန်း တစ်ဂါလန် ၂၄၇၅ ကျပ်နဲ့  အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။   ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀ဝ ကျပ်၊အောက်တိန်း တစ် ဂါလန် ၂၅၀ဝ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်း ချနေတဲ့ တစ် ဂါလန်ဈေးနှုန်းများမှာဓာတ်ဆီတစ်ဂါလန် ၂၅၀ဝ ကျပ်၊ဒီဇယ် တစ်ဂါလန် ၂၆၀ဝ ကျပ်နဲ့ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါ လန် ၂၆၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန်၂၇၀ဝကျပ်နဲ့ အရောင်းအ ဝယ်ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။

 

မယ်သီတာ