Main menu

Background

ရေကြောင်းလမ်းမှ ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် ၁၁၀၀၀၀ ကျော်ဝင်

Fri, 12/30/2016 - 11:19 -- journal_editor

       သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ ၃၃၅၁၅၉၇၂ တန်ဖိုးရှိ ဒီဇယ်၇၅၀၁၁ဒသမ ၇၄၁ တန်နဲ့  ကန်ဒေါ်လာ ၁၉၄၉၄၈၄၆ တန်ဖိုးရှိဓာတ်ဆီ ၃၈၆၃၉ ဒသမ ၀၁၉ တန် ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ (95) က ၁၀၂၇ ဒသမ ၃၈၇ တန်သာ ဝင်ခဲ့ပြီး (92)က ၃၇၆၁၁ ဒသမ ၆၃၂ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ (92) ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင် သီတင်းပတ် ဒီဇယ်အဝင် တန်ချိန်၄၄၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင်တန်ချိန် ၃၁၀၀၀ကျော်အဝင်ပိုခဲ့ပြီး ယခင်တစ်ပတ် ဓာတ်ဆီအဝင်တန်ချိန် ၇၅၇၀ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၁၀၀၀ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်ရောဓာတ်ဆီပါ အဝင်ပိုခဲ့ပါ တယ်။ နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃၇၂၂၆၃ တန်ဖိုးရှိ ဒီဇယ် ၇၇၃ တန်နဲ့ကန်ဒေါ်လာ၂၃၁၅၀၀ တန်ဖိုးရှိ ဓာတ်ဆီ ၃၉၉ တန် ကိုလည်းကောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၆၀၃၉၅ တန်ဖိုးရှိ ဒီဇယ် ၃၃၅ တန်နဲ့ ကန်ဒေါ်လာ၃၂၅၂၉တန်ဖိုးရှိ ဓာတ်ဆီ ၅၇တန်ကိုလည်း ကောင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
       ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92) နဲ့ (95) မှာ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ် ။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ၇၁၅ ကျပ်၊ အောက်တိန်း (92) ကျပ် ၆၂၀ ၊ အောက်တိန်း (95)  ကျပ်၇၅၀ ၊ အဆင့်မြင့်ဒီဇယ် ၆၃၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာ ၁၉ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၅၃၀၀၀၊ ရောင်းဈေး  ကျပ် ၁၅၅၀၀၀  နဲ့ အရောင်းအဝယ်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဝယ်ဈေးကျပ် ၁၀၀၀၊ရောင်းဈေး ၂၀၀၀ ကျပ်ဈေးမြင့်ပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ  ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၃၄၀၀၀ ၊ ရောင်းဈေး ကျပ် ၁၃၇၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်ဈေးမြင့်ခဲ့ပြီး ဓာတ်ဆီဈေး ငြိမ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၃၀၀၊ ဓာတ်ဆီတစ်ဂါလံ ကျပ်၂၉၀၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီဈေးငြိမ်ပြီး ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင် မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ကျပ်၆၇၀ အဆင့် မြင့် ဒီဇယ် ကျပ် ၇၁၀၊ အောက်တိန်း (92) ကျပ် ၇၁၀နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်ေ နတဲ့ပီပါ ဈေးများမှာ ဒီဇင်ဘာ၁၉ရက် မှာ ဒီဇယ်ဝယ်ဈေး ကျပ်၁၅၉၀၀၀၊ ရောင်းဈေး ကျပ် ၁၆၂၀၀၀နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင်ဝယ်ဈေး ကျပ် ၁၀၀၀ ဈေးကျခဲ့သော်လည်း ရောင်း ဈေး ယခင်ဈေးအတိုင်း  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေး မှာ ဒီဇင်ဘာ ၁၉ ရက်တွင် ဝယ်ဈေး  ကျပ် ၁၃၅၀၀၀၊ ရောင်းဈေးကျပ် ၁၃၈၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီ ဆိုင်များတွင် တစ်ဂါလံ ဈေးမှာ ဒီဇယ် ကျပ်၃၄၀၀၊ ဓာတ်ဆီ ကျပ်၂၉၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတ ယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလန် ဈေးများမှာ ဓာတ်ဆီ ကျပ်၃၂၀၀၊ ဒီဇယ် ၃၁၉၅ကျပ် ၊ အောက်တိန်း ကျပ်၃၂၄၀ နဲ့အေ ရာင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ်၃၂၀၀၊ ဒီဇယ်တစ်ဂါလံ ကျပ် ၃၂၀၀၊ အောက်တိန်း တစ်ဂါလံ ၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT