Main menu

Background

ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် တစ်သိန်းလေးသောင်းကျော်ဝင်

Wed, 02/01/2017 - 13:13 -- journal_editor

          သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ  ၆၄၃၆၉၈၇၇ တန်ဖိုးရှိ ဒီဇယ်၁၁၈၇၄၃ ဒသမ ၈၄၅တန်နဲ့ ကန် ဒေါ်လာ၂၀၉၉၄၂၇၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၈၇၇  ဒသမ ၉၆၈ တန်၊ စုစုပေါင်း ၁၄၃၆၂၁ ဒသမ ၈၁၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်  ဒီဇယ်တင်သွင်းတန်ချိန် ၃၉၉၃၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၇၈၈၀၀ကျော် အဝင်ပိုခဲ့သလို ယခင်သီတင်းပတ်ဓာတ် ဆီ တင်သွင်းတန်ချိန် ၁၁၅၆၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၁၃၃၀၀ကျော် ပိုမို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်ရောဓာတ်ဆီပါ ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
        နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၉၆၀၀ တန်ဖိုးရှိ ဒီဇယ်၃၆ဒသမ၀၃၆တန်ကိုလည်းကောင်း၊ မြိတ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၁၁၅၁၇၂၀တန်ဖိုးရှိ ဒီဇယ်၂၂၅၁တန်၊ မြဝတီ ကုန်သွယ်ရေးဇုန် မှ ကန်ဒေါ်လာ ၁၂၈၇၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၁ တန်နဲ့ ကန်ဒေါ်လာ၃၁၉၈ တန်ဖိုးရှိ ဒီဇယ် ၇တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊  ဒီဇယ် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း နဲ့ (95)မှာ ဈေးငြိမ်နေသော်လည်း (92)ဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၇၀၀၊ အောက်တိန်း (92) ကျပ် ၇၁၀ ၊ အောက်တိန်း (95)ကျပ် ၇၅၀၊ အဆင့်မြင့်ဒီဇယ် ၇၂၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြ စ်နေတဲ့ ပီပါဈေးများမှာ ဇန်နဝါရီ ၂၃ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၄၀၀၀၀ ၊ ရောင်းဈေး  ကျပ်၁၄၅၀၀၀နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာတစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ ဓာတ် ဆီဝယ်ဈေး  ကျပ်၁၃၀၀၀၀ ၊ ရောင်းဈေး ကျပ်၁၃၃၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၅ ရက်နေ့တွင် ဝယ်ဈေး ကျပ်၁၃၃၀၀၀၊ ရောင်းဈေး ကျပ် ၁၃၅၀၀၀နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ် ဈေးနဲ့နှိုင်း ယှဉ်ရင် ဒီဇယ်ရောဓာတ်ဆီပါ ဈေးအပြောင်းအလဲ  သိပ်မရှိဘူးလို့ သိရပါတယ်။  ပြင်ပလက်လီတစ်ဂါလံဈေးများမှာ ဒီဇယ်တစ်ဂါလံကျပ်၃၀၀၀ ၊ ဓာတ်ဆီတစ်ဂါလံ  ကျပ်၂၈၀၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။             မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီ ဆိုင် မှာ ရော င်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ကျပ် ၊ ဒီဇယ် ကျပ် ၇၁၀ ၊ အဆင့်မြင့်ဒီဇယ် ၇၅၅ကျပ်၊ အောက်တိန်း (92) ၇၅၅ကျပ် နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအ၀ ယ်ဖြစ်နေတဲ့ပီ ပါ ဈေးများမှာ ဇန်နဝါရီ ၂၃ရက်မှာ ဒီဇယ် ဝယ်ဈေးကျပ်၁၄၆၀၀၀၊ ရောင်းဈေး ကျပ် ၁၄၉၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေး မှာ ဇန်နဝါရီ ၂၃ရက်တွင် ဝယ်ဈေး ကျပ် ၁၃၀၀၀၀၊ ရောင်းဈေးကျပ် ၁၃၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၅ ရက်နေ့တွင်ဝယ်ဈေး ကျပ်၁၂၈၀၀၀၊ ရောင်းဈေး ကျပ် ၁၃၂၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ် ပတ် ဈေးနဲ့နှိုင်းယှဉ် ရင် ဒီဇယ်ရောဓာတ်ဆီပါ ဈေးကျလာတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီ ဆိုင်များတွင် တစ်ဂါလံ ဈေးမှာ ဒီဇယ် ကျပ်၃၁၀၀၊ ဓာတ်ဆီ ကျပ်၂၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
        မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ ၊ ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံဈေး များမှာ ဓာတ်ဆီ  ကျပ်၃၂၀၀၊ ဒီဇယ်ကျပ် ၃၃၃၀၊ အောက်တိန်း ၃၃၇၅ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ  ကျပ် ၃၂၀၀၊ ဒီဇယ် တစ်ဂါလံ  ကျပ်၃၄၀၀၊ အောက်တိန်း တစ်ဂါလံ ၃၄၀၀  ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT