Main menu

Background

ဒီတစ်ပတ် ဒီဇယ်အဝင်ပိုပြီး ဓာတ်ဆီအဝင်လျော့

Thu, 02/16/2017 - 12:29 -- journal_editor

ဇန်နဝါရီ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၆၀၈၈၇၃၄၇ တန်ဖိုးရှိ ဒီဇယ် ၇၉၀၇၈ဒသမ ၄၃၂တန်နဲ့ ကန်ဒေါ်လာ ၂၁၀၀၂၅၇၇ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၅၀၀ ဒသမ ၆၈၉ တန်၊ စုစုပေါင်း ၉၁၅၇၉ ဒသမ ၁၂၁တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က ဒီဇယ်တင်သွင်းတန်ချိန် ၆၂၁၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၆၉၇၀ ကျော်အဝင်ပိုခဲ့ပြီး ယခင်သီတင်းပတ် ဓာတ် ဆီ တင်သွင်းတန်ချိန် ၂၃၅၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၁၀၀၀ ကျော် အဝင်လျော့ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်အဝင်ပိုပြီး ဓာတ်ဆီအဝင်လျော့ခဲ့ပါတယ်။
          ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော၊ ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (95) နဲ့ (92) ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၇၀၅ ကျပ်၊ အောက်တိန်း (92) ၇၁၅ ကျပ် ၊ အောက်တိန်း (95) ၇၅၅ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၂၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဖေဖော်ဝါရီ ၆ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၄၀၀၀၀၊ ရောင်းဈေး ကျပ်၁၄၅၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၉ ရက်တွင် ဝယ်ဈေးကျပ် ၁၀၀၀ ေ ဈးမြင့်ခဲ့သော်လည်း ရောင်းဈေးဈေးငြိမ်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ် ၁၃၈၀၀၀၊ ရောင်းဈေး ကျပ် ၁၄၂၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်တွင် ဝယ်ဈေး ကျပ် ၁၄၀၀၀၀၊ ေ ရာင်းဈေး ကျပ် ၁၄၅၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ရော၊ ဓာတ်ဆီပါ ဈေးအနည်းငယ် မြင့်ခဲ့တယ်လို့သိရပါတယ်။  ပြင်ပလက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၀၀၀ ၊ ဓာတ်ဆီတစ်ဂါလံကျပ် ၃၁၀၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။           
         မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊  ဒီဇယ်၊အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်း ချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ကျပ် ၊ ဒီဇယ်  ကျပ် ၇၁၀ ၊အဆင့်မြင့်ဒီဇယ်  ၇၅၅ ကျပ်၊ အောက်တိန်း (92) ၇၅၅  ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ ဖေဖော်ဝါရီ  ၆ ရက်မှာ ဒီဇယ် ဝယ်ဈေးကျပ်၁၄၅၀၀၀၊ ရောင်းဈေး  ကျပ် ၁၄၈၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၉ ရက်တွင် ဝယ်ဈေး ကျပ်၁၄၈၀၀၀၊ ရောင်းဈေး ကျပ် ၁၅၀၀၀၀ နဲ့အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဖေဖော်ဝါရီ ၆ရက်တွင်ဝယ်ဈေး ကျပ် ၁၃၃၀၀၀၊ ရောင်းဈေး ကျပ် ၁၃၆၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်တွင် ဝယ်ဈေး ကျပ်၃၀၀၀၊ ရောင်းဈေး ကျပ်၂၀၀၀ ဈေးမြင့်ပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များရဲ့ တစ်ဂါလံ ဈေးမှာ ဒီဇယ် ကျပ်၃၁၀၀၊ ဓာတ်ဆီ ကျပ်၂၉၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။
        မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးအနည်းငယ် မြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်း ချနေတဲ့ တစ်ဂါလံ ဈေးများမှာ ဓာတ်ဆီ ကျပ်၃၃၀၀၊ ဒီဇယ် ကျပ် ၃၃၇၅၊ အောက်တိန်း ၃၄၂၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ  ကျပ် ၃၃၀၀၊ ဒီဇယ် တစ်ဂါလံ  ကျပ် ၃၄၀၀၊ အောက်တိန်း တစ်ဂါလံ ၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင် မှာ ေ ရာင်းချနေတဲ့ တစ်ဂါလံ ဈေးနှုန်းများမှာ ဓာတ်ဆီတစ်ဂါလံ ၃၄၀၀ကျပ်၊ ဒီဇယ်တစ်ဂါလံ ၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ ၃၄၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၃၄၀၀ ကျပ်နဲ့အရောင်းအဝယ် ဖြစ်နေတယ် လို့ သိရှိရပါတယ်။

 

MIRT-DOT