Main menu

Background

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန်စုစုပေါင်း ၆၀၀၀၀ နီးပါးဝင်

Tue, 02/21/2017 - 14:46 -- journal_editor

       ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၀၁၃၇၉၉ တန်ဖိုးရှိ ဒီဇယ်၄၄၄၄၂ဒသမ ၄၉၂ တန်နဲ့ ကန်ဒေါ်လာ၆၇၇၅၅၈၀ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၆၄၄ ဒသမ ၀၆၇ တန်၊ စုစုပေါင်း ၅၇၀၈၆ ဒသ မ ၅၅၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်တင်သွင်းတန်ချိန် ၇၉၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၄၆၀၀ ကျော်အဝင် လျော့ခဲ့ပြီး ယခင်သီတင်းပတ်ဓာတ်ဆီ တင်သွင်း တန်ချိန် ၁၂၅၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဓာတ်ဆီတန်ချိန်၁၄၀ကျော် အဝင်ပိုခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ  ဒီဇယ်တန်ချိန် ၂၀၀၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၈၆၉၁၃၀ တန်ဖိုးရှိ ဒီဇယ်၁၇၄၀တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၈၅၁၄၉၉ တန်ဖိုးရှိ ဒီဇယ်၁၇၅၉ ဒသမ ၀၃၆ တန်နဲ့ ကန်ဒေါ်လာ ၇၈၄၈၀၂ တန်ဖိုးရှိ ဓာတ်ဆီ ၁၃၆၀ တန်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂၈၇၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၁တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
          ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက် တိန်း (95)နဲ့ (92)ဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၇၂၅ကျပ်၊ အောက်တိန်း (92) ၇၃၅ကျပ်၊ အောက်တိန်း (95) ၇၇၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၇၄၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဖေဖော်ဝါရီ ၁၃ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၄၀၀၀၀ ၊ ရောင်းဈေး ကျပ် ၁၄၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၅ ရက်တွင် ဝယ်ဈေး ကျပ် ၁၄၂၀၀၀၊ ရောင်းဈေး ကျပ် ၁၄၇၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၄၈၀၀၀၊ ရောင်းဈေး ကျပ်၁၅၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ၀ ယ်ဈေး ကျပ်၁၅၁၀၀၀၊ ရောင်းဈေး ကျပ် ၁၅၆၀၀၀နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ရောဓာတ်ဆီပါ ဈေးအနည်းငယ်မြင့်ခဲ့တယ်လို့သိရပါတယ်။ပြင်ပလက်လီ တစ်ဂါလံဈေး များမှာ ဒီဇယ်တစ်ဂါလံ ကျပ်၃၁၀၀ ၊ ဓာတ်ဆီတစ်ဂါလံကျပ်၃၂၀၀ နဲ့အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး ငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်း ချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ကျပ် ၊ ဒီဇယ်ကျပ် ၇၁၀ ၊အဆင့်မြင့်ဒီဇယ် ၇၅၅ကျပ်၊ အောက်တိန်း (92) ၇၅၅ကျပ် နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင် များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ေ ဈးများမှာ ဖေဖော်ဝါရီ ၁၃ရက် မှာ ဒီဇယ် ဝယ်ဈေး ကျပ်၁၄၇၀၀၀၊ ရောင်းဈေး ကျပ် ၁၅၀၀၀၀နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ ၁၄ ရက်တွင် ဝယ်ဈေး ကျပ်၁၄၈၀၀၀၊ ရောင်းဈေးကျပ် ၁၅၂၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဓာတ်ဆီဈေးမှာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၈၀၀၀၊ ရောင်းဈေးကျပ် ၁၄၃၀၀၀ နဲ့အရောင်းအဝယ် ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များရဲ့ တစ်ဂါ လံဈေး မှာ ဒီဇယ် ကျပ်၃၂၀၀၊ ဓာတ်ဆီ ကျပ်၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက် တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံ ဈေးများမှာ ဓာတ်ဆီ  ကျပ် ၃၃၀၀၊ ဒီဇယ် ၃၃၇၅ ကျပ်၊ အောက်တိန်း ကျပ် ၃၄၂၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင် ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ  ကျပ် ၃၃၀၀၊ ဒီဇယ် တစ်ဂါလံ  ကျပ်၃၄၀၀၊ အောက်တိန်း တစ်ဂါလံကျပ် ၃၄၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT