Main menu

Background

ယခုတစ်ပတ် ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် တစ်သိန်းကျော်ဝင်

Thu, 06/01/2017 - 12:21 -- journal_editor

        မေ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၄၀၂၇၃၆၀ တန်ဖိုးရှိ ဒီဇယ် ၇၃၁၁၈ ဒသမ ၇၄၉ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၃၆၂၇၂၃၇ တန်ဖိုးရှိ ဓာတ်ဆီ ၄၃၁၀၄ ဒသမ ၂၈၇ တန်၊စုစုပေါင်း ဓာတ်ဆီ ၊ ဒီဇယ် ၁၁၆၂၂၃ ဒသမ ၀၃၆ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၆၁၆၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၁၁၅၀၀ ကျော် အဝင်ပိုခဲ့သလို ယခင်သီတင်းပတ် ဓာတ်ဆီအဝင် တန်ချိန် ၃၃၃၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် ၉၈၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ် ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။
         ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်းနဲ့ (92)တို့ဈေးငြိမ်နေပြီး (95) မှာ ဈေးအနည်းငယ်မြင့် လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၇၁၀၊ အောက်တိန်း (92) ကျပ် ၇၁၀ ၊ အောက်တိန်း (95) ကျပ် ၇၆၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၃၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ မေ ၂၂ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ်၁၄၀၀၀၀၊ ရောင်းဈေး ကျပ် ၁၄၂၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာမှ မေ ၂၅ ရက်တွင် ၀ ယ်ဈေး၊ ရောင်းဈေး ကျပ် ၂၀၀၀ ဈေးမြင့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ကဈေးနဲ့ နှိုင်းယှဉ်ရင် ဝယ်ဈေး၊ ရောင်းဈေး အပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်။ မေလ ၂၂ ရက်မှာ ဓာတ်ဆီဝယ်ေ ဈး ကျပ်၁၅၉၀၀၀၊ ရောင်းဈေး ကျပ် ၁၆၂၀၀၀ နဲ့အရောင်းအဝယ် ဖြစ်ခဲ့ရာ မေ ၂၅ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ကျပ်၁၀၀၀ ဈေးကျခဲ့တယ်လို့ သိရ ပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဝယ်ဈေး၊ ရောင်းဈေး အပြောင်းအ လဲ မရှိဘူးလို့ သိရပါတယ်။ ပြင်ပလက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ် ကျပ် ၃၀၀၀၊ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၂၀၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
           မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ၊အောက်တိန်း (92)နဲ့ အောက် တိန်း(95) မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ကျပ် ၈၅၀၊ ဒီဇယ် ကျပ် ၇၃၀ ၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၅၀၊ အောက်တိန်း (92) ကျပ် ၇၅၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင် များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ မေ ၂၂ ရက် မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၄၃၀၀၀၊ ရောင်းဈေး ကျပ် ၁၄၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေ ၂၅ ရက်တွင် ဝယ်ဈေး ၊ ရောင်းဈေး ကျပ် ၁၀၀၀ ဈေးမြင့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ မေ ၂၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၀၀၀၀၊ ရောင်းဈေးကျပ် ၁၆၂၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ မေ ၂၅ ရက်တွင် ဝယ်ဈေး ဈေးငြိမ်ခဲ့သော်လည်း ရောင်းဈေး ကျပ် ၃၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။  ပြင်ပလက်လီဆိုင်များရဲ့ တစ်ဂါလံဈေးမှာ ဒီဇယ် ကျပ်၃၀၀၀၊ ဓါတ်ဆီ ကျပ်၃၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။
              မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်ပြီး ဓာတ်ဆီဈေးငြိမ်နေပေမယ့် အဆင့်မြင့်ဒီဇယ် ဈေးနည်းနည်းမြင့်ပြီး ၊ အောက်တိန်း (92) နဲ့ အောက်တိန်း (95)တို့ ဈေးနည်းနည်းကျလာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံဈေးများမှာ ဓာတ်ဆီကျပ် ၃၄၀၀၊ အဆင့််မြင့်ဒီဇယ် ကျပ် ၃၄၂၀ ၊ အောက်တိန်း(92) ကျပ် ၃၃၃၀၊ အောက်တိန်း (95) ကျပ် ၃၅၃၀ နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များ မှာ ဓာတ်ဆီတစ်ဂါလံ  ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ  ကျပ် ၃၄၀၀၊ အောက်တိန်း (92) တစ်ဂါလံကျပ် ၃၄၀၀၊ အောက်တိန်း (95)တစ်ဂါလံကျပ် ၃၄၈၈ နဲ့ အရောင်း အ၀ ယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးများမှာ ဒီဇယ်တစ်လီ တာ ကျပ် ၇၄၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၇၀၊ အောက်တိန်း (92) ၇၅၅ ကျပ်၊ အောက်တိန်း (95) ကျပ် ၈၈၀ နဲ့အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ်၃၃၀၀၊ အောက်တိန်း (92) ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

 MIRT-DOT