Main menu

Background

ယခုတစ်ပတ်ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်သာ တင်သွင်း

Tue, 06/13/2017 - 13:21 -- journal_editor

        မေ ၂၈ ရက်မှ ဇွန် ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၈၇၇၅၆၈၅ တန်ဖိုးရှိ ဒီဇယ် ၈၂၅၀၄ ဒသမ ၃၇၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အောက်တိန်း (92)နဲ့ (95) တင်သွင်းမှုမရှိဘဲ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်သာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၇၃၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၅၀၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတ ယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၂၇၆၀၀၀ တင်သွင်းခဲ့ပြီး မေလမှာ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၄၀၁၀၀၀ ကျော်တင်သွင်းခဲ့တာ ကြောင့် မေလမှာ ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၁၂၄၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
          ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92) နဲ့ (95) မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၆၈၅ ကျပ် ၊ အောက်တိန်း (92) ကျပ် ၆၉၀၊ အောက်တိန်း (95) ကျပ် ၇၃၀၊  အဆင့်မြင့်ဒီဇယ် ၇၁၅ကျပ် နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၅ ရက် မှာ ဒီဇယ် ဝယ်ဈေး ကျပ် ၁၃၈၀၀၀၊ ရောင်းဈေး ကျပ် ၁၄၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာဇွန်လ ၉ ရက် တွင် ဝယ်ဈေး ကျပ် ၂၀၀၀၊ ရောင်းဈေး ကျပ် ၁၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၅ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး ကျပ်၁၅၈၀၀၀၊ ရောင်းဈေး ကျပ် ၁၆၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန် ၉ ရက်တွင် ဝယ်ဈေးနဲ့ ရောင်းဈေး ကျပ် ၁၀၀၀ ဈေး ကျခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ နှိုင်းယှဉ်ရင် ဝယ်ဈေးကျပ် ၁၀၀၀၊ ရောင်းဈေး ကျပ် ၂၀၀၀ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီ တစ်ဂါလံ ဈေးများမှာ ဒီဇယ် ကျပ် ၃၀၀၀၊ ဓာတ်ဆီ တစ်ဂါလံကျပ် ၃၃၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။           
           မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊အောက်တိန်း (95)၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက် သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ကျပ် ၈၃၅၊ ဒီဇယ် တစ်လီတာ ကျပ် ၇၂၀ ၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၇၃၅ ကျပ် ၊ အောက်တိန်း (92) တစ်လီတာ ကျပ် ၇၅၀ ၊ ဓာတ်ဆီ တစ်လီတာ ကျပ် ၈၀၀နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ပီပါဈေးများမှာ ဇွန်လ ၅ ရက်မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၃၉၀၀၀၊ ရောင်းဈေးကျပ် ၁၄၂၀၀၀ နဲ့အရောင်းအဝယ် ဖြစ်ခဲ့ပြီး နောက် ရက်များ တွင်ဆက်လက် ဈေးကျခဲ့ကာ ဇွန် ၉ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၅၀၀၀၊ ရောင်းဈေး ကျပ် ၁၃၉၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ အောက်တိန်း (92)ဈေးမှာ ဇွန်လ ၅ ရက်တွင် ဝယ်ဈေး ကျပ် ၁၄၃၀၀၀၊ ရောင်းဈေး ကျပ် ၁၄၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန် ၉ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၈၀၀၀၊ ရောင်းဈေး ကျပ် ၁၄၀၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
         မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်ပြီး ဓာတ်ဆီ၊ အဆင့်မြင့်ဒီဇယ် ၊ အောက်တိန်း (92) နဲ့ အောက်တိန်း (95)တို့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချေ နတဲ့ တစ်လီတာ ဈေးများမှာ အဆင့်မြင့်ဒီဇယ်ကျပ် ၇၆၀ ၊ အောက်တိန်း(92) ကျပ် ၇၄၀၊ အောက်တိန်း (95) ကျပ် ၇၈၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြ င့် ဒီဇယ် တစ်ဂါလံ ကျပ် ၃၄၀၀၊ အောက်တိန်း (92)တစ်ဂါလံ ကျပ် ၃၄၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၆၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ရဲ့ဈေးများမှာ ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးများမှာ ဒီဇယ်တစ်လီတာကျပ် ၇၄၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၇၀၊ အောက်တိန်း (92) ၇၅၅ ကျပ်၊ အောက်တိန်း (95) ကျပ် ၈၈၀ နဲ့အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ်၃၃၀၀၊ အောက်တိန်း (92)ကျပ်၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT