Main menu

Background

ယခုတစ်ပတ် ဓာတ်ဆီအဝင်လျော့ပြီး ဒီဇယ်အဝင်ပို

Tue, 06/27/2017 - 10:41 -- journal_editor

    ဇွန် ၁၁ ရက်မှ ၁၇ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၉၉၇၃၀၈ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၁၄၅ ဒသမ ၈၆၁ တန်နဲ့ အမေရိကန်ဒေါ်လာ ၃၁၅၅၅၈၈၅ တန်ဖိုးရှိ ဒီဇယ် ၆၆၆၁၄ ဒသမ ၂၇၂ တန်၊ စုစုပေါင်း ၈၉၇၆၀ ဒသမ ၁၃၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၁၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဓာတ်ဆီ တန်ချိန် ၂၈၁၅၀ ကျော် အဝင်လျော့ခဲ့ ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၁၄၁၅၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၅၂၄၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင်လျော့ခဲ့ပြီး ဒီဇယ်အဝင်ပိုခဲ့ ပါတယ်။
         နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  ၅၅၁၅၇၅ တန်ဖိုးရှိ ဓာတ်ဆီ ၁၀၂၀ တန်နဲ့ အမေရိကန် ဒေါ်လာ ၆၃၅၂၅၀ တန်ဖိုးရှိ ဒီဇယ် တန်ချိန် ၁၄၀၀ တင်သွင်းခဲ့သလို မြိတ်ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၀၃၁၇၅ တန်ဖိုးရှိ ဒီဇယ်တန်ချိန် ၄၅၀ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95) မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် ၆၆၅ ကျပ် ၊ အောက်တိန်း (92) ကျပ် ၆၇၀၊ အောက်တိန်း(95) ကျပ် ၇၂၀၊ အဆင့်မြင့်ဒီဇယ် ၆၈၅ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၁၉ ရက် မှာ ဒီဇယ် ဝယ်ဈေး ကျပ် ၁၃၀၀၀၀၊ ရောင်းဈေး ကျပ် ၁၃၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန် ၂၂ ရက် တွင် ဝယ်ဈေး ဈေးငြိမ်သော်လည်း ရောင်းဈေး ကျပ် ၁၀၀၀ ဈေးကျခဲ့တယ်လို့ သိရ ပါတယ်။ဇွန် ၁၉ ရက်မှာ  ဓာတ်ဆီဝယ်ဈေး ကျပ် ၁၅၃၀၀၀၊ ရောင်းဈေး ကျပ် ၁၅၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန်လ ၂၂  ရက်တွင် ဝယ်ဈေး ကျပ် ၃၀၀၀  ရောင်းဈေး ကျပ် ၂၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီရောဒီဇယ်ပါ ဈေးကျခဲ့တယ်လို့ သိရပါတယ်။  ပြင်ပလက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ် ကျပ် ၂၈၀၀၊ ဓာတ်ဆီ တစ်ဂါလံ   ကျပ် ၃၂၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
            မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း(92)၊အောက်တိန်း(95)မှာဈေးငြိမ်နေပြီး ဒီဇယ် နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက် သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း(95) တစ် လီတာ ၈၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၇၂၀ ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ၇၃၅ ကျပ်၊ အောက်တိန်း (92)တစ်လီ တာ ကျပ် ၇၄၀ ၊ ဓာတ်ဆီတစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ ဇွန် ၁၉ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၉၀၀၀၊ ရောင်းဈေးကျပ် ၁၃၃၀၀၀ နဲ့အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇွန် ၂၂ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ကျပ် ၁၀၀၀ ဈေးပြန်တက်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ ဇွန် ၁၉ ရက်တွင် ဝယ်ဈေးကျပ် ၁၃၃၀၀၀၊ ရောင်းဈေးကျပ် ၁၃၅၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ ရာ ဇွန် ၂၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၁၀၀၀၊ ရောင်းဈေး ကျပ် ၁၃၃၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး အောက်တိန်း(92) ဈေးအနည်း ငယ်ကျပြီး ဓာတ်ဆီ၊အဆင့်မြင့်ဒီဇယ် နဲ့ အောက် တိန်း (95)တို့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးများမှာအဆင့်မြင့်ဒီဇယ် ကျပ် ၇၆၀ ၊ အောက်တိန်း(92) ကျပ် ၇၃၀၊ အောက်တိန်း (95) ကျပ် ၇၈၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၃၄၀၀၊ အောက်တိန်း (92) တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက် တိန်း (92) တစ်ဂါလံ ကျပ် ၃၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT