Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီအဝင်လျော့ပြီး ဒီဇယ်အဝင်ပို

Mon, 08/07/2017 - 10:29 -- journal_editor

        ဇူလိုင် ၁၆  ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၇၉၉၆၅၇ တန်ဖိုးရှိ ဓာတ်ဆီ ၂၂၄၅၀ ဒသမ ၃၃၄ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၈၁၄၄၀၅၄ တန်ဖိုးရှိ ဒီဇယ် ၆၀၁၅၇ ဒသမ ၀၈၃ တန်ကို ပင် လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ အောက်တိန်း(95) တို့ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၃၈၂၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီတန်ချိန် ၁၅၇၀၀ကျော် တင်သွင်းမှုလျော့နည်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၅၁၄၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီဇယ်တန်ချိန် ၈၇၀၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ဓာတ်ဆီ အဝင်လျော့ပြီး ဒီဇယ် အဝင်ပိုခဲ့ပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၂၆၉၇၈၅ တန်ဖိုးရှိ ဒီဇယ်၂၈၃၇ တန်၊တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ ၄၆၃၁၈ တန်ဖိုးရှိ ဓာတ်ဆီ ၈၇ တန် တင်သွင်းခဲ့သလို အမေရိကန် ဒေါ်လာ၂ ဒသမ ၇၈၅ သန်းတန်ဖိုးရှိ Re-Export ဒီဇယ် ၄၉၇၃ ဒသမ ၃၃တန်ကို မူဆယ်ကုန်သွယ်ရေးစခန်းမှလည်းကောင်း၊ အမေရိကန်ဒေါ် လာ သုည ဒသမ ၁၀၃၁ သန်းတန်ဖိုးရှိ  Re-Export  ဒီဇယ်တန်ချိန် ၁၈၀ ကို လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။   
          ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95) မှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ် ပတ်ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ကျပ် ဒီဇယ် ၆၆၀၊ အောက်တိန်း (92) ကျပ် ၆၅၀ ၊ အောက်တိန်း (95) ကျပ် ၇၀၀၊  အဆင့်မြင့်ဒီဇယ် ကျပ် ၆၈၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇူူလိုင် ၂၄ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၇၀၀၀၊ ရောင်းဈေး ကျပ် ၁၃၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၄ ရက်မှာ  ဓာတ်ဆီ ဝယ်ဈေး ကျပ် ၁၄၇၀၀၀၊ ရောင်းဈေး ကျပ် ၁၅၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီဈေး နည်းနည်းမြင့်ခဲ့ပေမယ့် ဒီဇယ်ဈေး ငြိမ်နေခဲ့တယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့် မြင့် ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက် သုံးဆီဆိုင်မှာ ရောင်း ချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း(95) တစ်လီတာ ၇၈၅ ကျပ်၊ ဒီဇယ် တစ်လီတာ ကျပ် ၆၆၀ ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ကျပ် ၆၈၀ ၊ အောက် တိန်း(92) တစ်လီတာ ကျပ် ၆၉၀ ၊ ဓာတ်ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇူလိုင် ၂၄ ရက်မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၃၂၀၀၀၊ ရောင်းဈေး ကျပ် ၁၃၄၀၀၀နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ ဇူလိုင် ၂၄ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၄၀၀၀၊ ရောင်းဈေးကျပ် ၁၃၆၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဈေး ငြိမ်ပြီး အရောင်းအဝယ်ြ ဖစ်ခဲ့တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်၊ အောက်တိန်း (92)၊ အဆင့်မြင့် ဒီဇယ်နဲ့ အောက်တိန်း (95)တို့ ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးများ မှာ ဓာတ်ဆီ ၇၅၅ ကျပ် ၊ အဆင်မြင့်ဒီဇယ် ကျပ် ၇၄၀ ၊ အောက်တိန်း(92) ကျပ် ၇၀၀၊ အောက်တိန်း (95) ကျပ် ၇၆၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ် တစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်ြ မင့် ဒီဇယ် တစ်ဂါလံ ကျပ် ၃၄၀၀၊ အောက်တိန်း (92)တစ်ဂါလံ ကျပ် ၃၂၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးများမှာ ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၇၄၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၇၀၊ အောက်တိန်း (92)၇၅၅ ကျပ်၊ အောက်တိန်း (95)ကျပ် ၈၈၀ နဲ့အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း (92)ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT