Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့

Wed, 08/09/2017 - 13:24 -- journal_editor

      ဇူလိုင် ၂၃  ရက်မှ ၂၉ ရက်အထိသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၀၈၂၃၃၂ တန်ဖိုးရှိ ဓာတ်ဆီ ၂၅၀၆၂ ဒသမ ၃၇၂ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၄၄၈၀၄၇၉ တန်ဖိုးရှိ ဒီဇယ် ၅၄၄၈၈ ဒသမ ၁၄၇ တန်ကို ပင်လ ယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်အောက်တိန်း(92)၊ အောက်တိန်း (95)နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၂၂၄၅၀ ေ ကျာ်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၆၀၀ ကျော် တင်သွင်းမှုပိုခဲ့သလို ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၆၀၁၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၅၆၀၀ ကျော်တင်သွင်းမှု  လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီ တစ်ပတ် ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့  မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၅၄၁၁၁၉ တန်ဖိုးရှိ ဒီဇယ် ၃၂၅၀ တန် တင်သွင်းခဲ့သလို မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ၂ ဒသမ ၂၉၃ သန်းတန်ဖိုးရှိ Re-Export  ဒီဇယ် တန်ချိန် ၄၂၀၀ ကိုလည်းကောင်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၂၉၄၄ သန်းတန်ဖိုးရှိ Re-Export ဒီ ဇယ် တန်ချိန် ၅၀၀ ကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။   
     ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95) မှာဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် ၆၇၀ ကျပ်၊ အောက်တိန်း (92) ကျပ် ၆၇၀ ၊ အောက်တိန်း (95)ကျပ် ၇၁၀၊ အဆင့်မြင့်ဒီဇယ် ၆၈၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇူူလိုင်လ ၃၁ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၈၀၀၀၊ ရောင်းဈေး ကျပ် ၁၃၂၀၀၀ နဲ့ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတ ယ်။  ဇူလိုင်လ၂၉ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး ကျပ်၁၄၇၀၀၀၊ ရောင်းဈေး ကျပ် ၁၅၀၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်ေ ဈး အတက်အကျ ကျပ် ၁၀၀၀ ဝန်းကျင်ဖြစ်ခဲ့ပေမယ့် ဓာတ်ဆီ က ဈေးငြိမ်တယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း(92)၊ အောက်တိန်း (95)၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက် သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း 95တစ်လီတာ ကျပ် ၇၈၅၊ ဒီဇယ်တစ်လီတာ ကျပ် ၆၆၀ ၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၆၈၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ကျပ် ၆၉၀ ၊ ဓာတ်ဆီ တစ် လီတာ ကျပ် ၈၀၀ နဲ့ ရောင်း ချခဲ့ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ပီပါဈေးများမှာ ဇူလိုင် ၃၁ ရက်မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၃၄၀၀၀၊ ရောင်းဈေး ကျပ် ၁၃၇၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ ဇူလိုင်လ ၃၁ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၈၀၀၀၊ ရောင်းဈေးကျပ် ၁၄၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
         မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီနဲ့ အောက်တိန်း (92) ဈေးငြိမ်နေပေမယ့် အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်း (95)တို့မှာ ဈေးအနည်းငယ်ကျခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ်၊ အဆင်မြင့်ဒီဇယ် ၇၂၅ ကျပ်၊ အောက်တိန်း(92)ကျပ် ၇၀၀၊ အောက်တိန်း (95) ကျပ် ၇၅၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များ မှာ ဓာတ်ဆီ တစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း (92) တစ်ဂါလံ ကျပ် ၃၂၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ေ ဈးများမှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေး များမှာ ဒီဇယ်တစ်လီတာ ကျပ် ၇၀၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၂၀၊ အောက်တိန်း (92) ၇၆၀ ကျပ်၊ အောက်တိန်း (95)ကျပ် ၈၈၀ နဲ့ အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း (92)ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT