Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၈၀၀၀၀ ကျော်ဝင်

Wed, 08/16/2017 - 13:14 -- journal_editor

          ဇူလိုင် ၃၀  ရက်မှ သြဂုတ် ၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၁၂၂၁၀၃၈၀ တန်ဖိုးရှိ ဒီဇယ် ၄၈၁၈၀ ဒသမ ၆၄၇ တန်နဲ့ အမေရိကန် ဒေါ်လာ ၃၃၅၂၂၆၆၉ တန်ဖိုးရှိ ဓာတ်ဆီ ၃၃၈၅၆ ဒသမ ၆၁၄ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အောက်တိန်း (92)၊ အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇ ယ်တန်ချိန် ၅၄၄၈၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာဒီဇယ်တန်ချိန် ၆၃၀၀ ကျော်အဝင်လျော့ခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၂၅၀၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဓာတ်ဆီ တန်ချိန် ၈၇၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ဒီဇယ်အဝင်လျော့ခဲ့ပြီး ဓာတ်ဆီအဝင်ပိုခဲ့ပါတယ်။
         နယ်စပ်စခန်းဖြစ်တဲ့ မြဝတီကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၈၂၇၄၀၀ တန်ဖိုးရှိ ဒီဇယ်၁၇၅၀ တန်ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၂၃၆၀၄ တန်ဖိုးရှိ ဒီဇယ် ၄၄၄ ဒသမ ၁၉ တန်နဲ့ အမေရိကန်ဒေါ်လာ ၇၃၈၄၃ တန်ဖိုးရှိ ဓာတ်ဆီ ၁၃၆ တန်တင်သွင်းခဲ့သလို မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၂ ဒသမ ၄၄၆တန်ဖိုးရှိ Re-Export ဒီဇယ် ၄၅၂၇ တန်ကိုလည်းကောင်း၊ လွယ်ဂျ ယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၆၁ တန်ဖိုးရှိ Re-Export  ဒီဇယ်တန်ချိန် ၃၆၀ ကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်း အဝယ်ြ ဖစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95) မှာ ဈေးငြိမ်နေပြီး အဆင့်မြင့်ဒီဇယ်မှာ ဈေးအနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချေ နတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်ကျပ် ၆၇၀၊ အောက်တိန်း (92) ကျပ် ၆၇၀ ၊ အောက်တိန်း (95) ကျပ် ၇၁၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၆၉၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအ ဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၇ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၇၀၀၀၊ ရောင်းဈေး ကျပ် ၁၃၃၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ သြဂုတ် ၁၀ ရက်တွင် ဝယ်ဈေးကျပ် ၁၀၀၀၊ ရောင်းဈေး ကျပ် ၂၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ သြဂုတ် ၇ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ် ၁၄၈၀၀၀၊ ရောင်းဈေး ကျပ် ၁၅၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီ ဇယ်ဈေး အတက်အကျ ကျပ် ၁၀၀၀ ဝန်းကျင်ဖြစ်ခဲ့ပေမယ့် ဓာတ်ဆီက ဈေးငြိမ် တယ်လို့ သိရပါတယ်။           
          မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊ အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက် သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ကျပ် ၇၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၆၆၀ ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ကျပ် ၆၈၀၊ အောက်တိန်း(92)တစ်လီတာ ကျပ် ၆၉၀၊ ဓာတ်ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၇ ရက် မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၃၄၀၀၀၊ ရောင်းဈေး ကျပ် ၁၃၈၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ သြဂု တ် ၈ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၇၀၀၀၊ ရောင်းဈေး ကျပ် ၁၄၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ သြဂုတ်၇ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၈၀၀၀၊ ရောင်းဈေးကျပ် ၁၄၀၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်း (95)မှာဈေးငြိမ်နေပေမယ့် အောက်တိန်း (92) မှာဈေးအနည်းငယ်မြင့်ခဲ့တယ် လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ်၊ အဆင်မြင့်ဒီဇယ် ၇၂၅ ကျပ်၊ အောက်တိန်း(92) ကျပ် ၇၂၀၊ အောက်တိန်း (95) ကျပ် ၇၅၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ်တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း (92) တစ်ဂါလံကျပ် ၃၃၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT