Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီရော ဒီဇယ်ပါအဝင်လျော့

Thu, 08/24/2017 - 09:30 -- journal_editor

      သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၆၁၅၂၁၂၅ တန်ဖိုးရှိ ဒီဇယ် ၁၂၇၃၇ ဒသမ ၈၃ တန်ကိုလည်းကောင်း ၊ အမေရိကန် ဒေါ်လာ ၇၁၈၂၄၀၂ တန်ဖိုးရှိ ဓာတ်ဆီ ၁၃၃၃၃ ဒသမ ၅၇၂ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အောက်တိန်း(92)၊ အောက်တိန်း(95)နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ကတင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၄၈၁၈၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ၃၅၄၄၀ တန်ကျော်  တင်သွင်းမှုလျော့နည်းခဲ့သလို  ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၃၃၈၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၀၅၀၀ ကျော် အဝင်လျော့ ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ဓာတ်ဆီရောဒီဇယ်ပါ အဝင်လျော့ ခဲ့ပါတယ်။
       နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၂၂၆၅၅ တန်ဖိုးရှိ ဒီဇယ် ၂၁၂၀ တန်နဲ့ အမေရိကန်ဒေါ်လာ ၅၆၉၉၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၁၀၅၄ တန်ကိုလည်းကောင်း၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၆၂၂၈၅ တန်ဖိုးရှိ ဒီဇယ် ၅၄၉ တန်ကိုလည်းကောင်း တင်သွင်းခဲ့သလို မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၂ ဒသမ ၁၇၈ တန်ဖိုးရှိ Re-Export ဒီဇယ် ၄၀၆၀ တန်ကိုလည်းေ ကာင်း၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာသုည ဒသမ ၂၉၄၄ တန်ဖိုးရှိ Re-Export  ဒီဇယ် တန်ချိန် ၅၀၀ ကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အေ ရာင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95) နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီ တာဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၆၇၀၊ အောက်တိန်း (92) ကျပ် ၆၇၀၊ အောက်တိန်း (95) ကျပ် ၇၁၀၊  အဆင့်မြင့်ဒီဇယ် ကျပ် ၆၉၀  နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေ တဲ့ ပီပါဈေးများမှာ သြဂုတ် ၁၄ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၈၀၀၀၊ ရောင်းဈေး ကျပ် ၁၃၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ သြဂုတ် ၁၈ ရက်တွင် ဝယ် ဈေး၊ ရောင်းဈေး ကျပ် ၁၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။  သြဂုတ် ၁၄ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး ကျပ်၁၄၉၀၀၀၊ ရောင်းဈေး ကျပ် ၁၅၀၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ဈေး အတက်အ ကျ ကျပ် ၁၀၀၀ ဝန်းကျင်ဖြစ်ခဲ့ ပေမယ့် ဓာတ်ဆီက ဈေးငြိမ်တယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့် မြင့် ဒီဇယ်မှာဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂ လိက စက်သုံးဆီဆိုင် မှာရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ကျပ် ၈၀၀၊ ဒီဇယ် တစ်လီတာ ကျပ် ၆၉၀၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ကျပ် ၇၁၀၊ အောက်တိန်း (92)တစ်လီတာ ကျပ် ၇၁၀၊ ဓာတ်ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်း ချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၁၄ ရက် မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၃၆၀၀၀၊ ရောင်းဈေး ကျပ် ၁၄၀၀၀၀ နဲ့ အရောင်းအဝယ်ြ ဖစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ သြဂုတ် ၁၄ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၅၀၀၀၊ ရောင်းဈေးကျပ် ၁၄၀၀၀၀ နဲ့  အရောင်းအဝယ်ဖြစ်ခဲ့ရာ သြဂုတ် ၁၈ ရက်မှာ ဝယ်ဈေးကျပ် ၁၀၀၀ ဈေးမြင့်ခဲ့သော်လည်း ရောင်းဈေး ဈေးငြိမ်ခဲ့တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ အဆင့်မြင့်ဒီဇယ်နဲ့အောက်တိန်း (95)မှာ ဈေးငြိမ်နေပေမယ့် အောက်တိန်း(92) မှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ်၊ အဆင်မြင့်ဒီဇယ် ၇၂၅ ကျပ် ၊ အောက်တိန်း (92) ကျပ် ၇၂၀၊ အောက်တိန်း (95) ကျပ် ၇၅၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက် တိန်း (92) တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။

 

MIRT-DOT