Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီအဝင်လျော့ပြီး ဒီဇယ်အဝင်ပို

Tue, 08/29/2017 - 14:10 -- journal_editor

         သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၈၈၁၄၃၀၀ တန်ဖိုးရှိ ဒီဇယ် ၃၉၉၅၅ ဒသမ ၂၇၃ တန်ကိုလည်းကောင်း၊ အမေ ရိကန်ဒေါ်လာ ၇၄၂၁၇၀၃ တန်ဖိုးရှိ ဓာတ်ဆီ ၁၃၂၅၇ ဒသမ ၁၇၆ တန်ကို လည်း ကောင်း ၊ စုစုပေါင်း ၅၃၂၁၂ ဒသမ ၄၄၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ အောက်တိန်း(95)တို့တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၁၂၇၃၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ် တန်ချိန် ၂၇၂၂၀ ကျော်ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၁၃၃၃၀ ကျော် နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဓာတ်ဆီတန်ချိန် ၇၀ ကျော် တင်သွင်းမှု  လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင်လျော့ပြီး ဒီဇယ်အဝင်ပိုခဲ့ပါတယ်။
        နယ်စပ်စခန်းဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၀၂၂၆၅၅ တန်ဖိုးရှိ ဒီဇယ် ၂၁၂၀ နဲ့အမေရိကန်ဒေါ်လာ ၅၆၉၉၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၁၀၅၄ တန်ကိုလည်းကောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၂၂၈၅ တန်ဖိုးရှိ ဒီဇယ် ၅၄၉ တန်ကို  လည်းကောင်း တင်သွင်းခဲ့ပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၈ တန်ဖိုးရှိ Re-Export ဒီဇယ် ၄၀၆၀ တန်ကို လည်းကော င်း၊ လွယ်ဂျယ်ကုန်သွယ်ရေ စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၉၄၄ တန်ဖိုးရှိ  Re-Export ဒီဇယ်တန်ချိန် ၅၀၀ ကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာဈေးငြိမ်နေပြီး အောက်တိန်း (92)နဲ့ (95) မှာ ဈေးနည်းနည်းမြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရော င်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၆၇၀ ကျပ်၊ အောက်တိန်း (92)  ၆၇၅ ကျပ်၊ အောက်တိန်း (95) ကျပ် ၇၂၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၆၉၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရော င်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၂၁ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၃၀၀၀၀၊ ရောင်းဈေး ကျပ် ၁၃၆၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ သြဂုတ် ၂၅ ရက်တွင် ဝယ်ဈေးဈေးငြိမ်နေသော်လည်း  ရောင်းဈေး ကျပ် ၁၀၀၀ ဈေး ကျခဲ့တယ်လို့ သိရပါတယ်။  သြဂုတ်၂၁ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး ကျပ် ၁၅၇၀၀၀၊ ရောင်းဈေး ကျပ် ၁၅၉၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေ ပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊ အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက် သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း(95) တစ်လီတာ ကျပ် ၈၀၀၊ ဒီဇယ်တစ်လီတာ ကျပ် ၆၉၀၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၇၁၀ ကျပ်၊ အောက်တိန်း (92) တစ်လီတာ ကျပ် ၇၁၀၊ ဓာတ်ဆီ တစ် လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ်လ ၂၁ ရက် မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၃၄၀၀၀၊ ရောင်းဈေး ကျပ် ၁၃၆၀၀၀ နဲ့အရောင်း အဝယ်ဖြစ်ခဲ့ရာ သြဂု တ် ၂၅ ရက်မှာ ဝယ်ဈေး ကျပ် ၁၃၇၀၀၀၊ ရောင်းဈေး ကျပ် ၁၃၉၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း(92)ဈေးမှာ သြဂုတ်၂၁ ရက်တွင် ဝယ်ဈေးကျပ် ၁၃၈၀၀၀၊ ရောင်းဈေးကျပ် ၁၄၁၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ သြဂုတ် ၂၅ ရက်မှာ ဝယ်ဈေး ကျပ် ၂၀၀၀၊ ရောင်းဈေး ကျပ် ၁၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်း (95)မှာ ဈေးငြိမ်နေပေမယ့် အောက်တိန်း (92) မှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်လီတာဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ် ၊ အဆင်မြင့်ဒီဇယ် ၇၂၅ ကျပ် ၊ အောက်တိန်း(92) ကျပ် ၇၂၀၊ အောက်တိန်း (95) ကျပ် ၇၅၀ နဲ့ အေ ရာင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း(92)တစ်ဂါလံ ကျပ် ၃၃၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၄၀၀ နဲ့ အေ ရာင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)