Main menu

Background

ဒီတစ်ပတ် ဒီဇယ်အဝင်ပိုပြီး ဓာတ်ဆီအဝင်လျော့

Wed, 12/06/2017 - 11:19 -- journal_editor

      နိုဝင်ဘာ ၁၉ ရက်မှ နိုဝင်ဘာ၂၅ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ၃၇၀၃၁၅၉၈ တန်ဖိုးရှိ ဒီဇယ် ၇၈၃၆၀ ဒသမ ၄၃ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၁၈၄၅၃၇၆ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၅၉၃ ဒသမ ၄၃ တန်၊   စုစုပေါင်း ၁၀၂၉၅၃ ဒသမ ၈၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က  တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၆၀၉၁၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၇၄၅၀ ကျော် အဝင်ပိုခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၇၃၄၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၁၇၄၀ ကျော် တင် သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်အဝင်ပိုပြီး ဓာတ်ဆီအဝင်လျော့ခဲ့တယ် လို့သိရပါတယ်။
        နိုဝင်ဘာ ၁၈ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း နယ်စပ်စခန်းဖြစ်တဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၆၀၂၅ တန်ဖိုးရှိ ဒီဇယ်၁၀၇ ဒသမ ၁၄ တန် တင်သွင်းခဲ့ပြီး မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၄၀ တန်ဖိုးရှိ  Re-Export ဒီဇယ် ၁၅၇၁၄ ဒသမ ၂၉ တန်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၁၃၂၀ တန်ဖိုးရှိ Re-Export   ဒီဇယ် ၂၃၄ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊အဆင့်မြင့်ဒီဇယ် ၊အောက်တိန်း ( 92)နဲ့ ( 95) မှာ ဈေးအနည်းငယ်မြင့်လာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၇၈၀၊ အောက်တိန်း (92) ကျပ် ၇၈၀၊ အောက်တိန်း (95) ကျပ် ၈၂၀၊ အဆင့်မြင့် ဒီဇယ်  ကျပ် ၈၀၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ နိုဝင်ဘာ ၂၇ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၅၉၀၀၀၊ ရောင်းဈေး ကျပ် ၁၆၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်တွင် ဝယ်ဈေး ကျပ် ၁၀၀၀ ဈေးမြင့်ခဲ့သော်လည်း ရောင်းဈေး ကျပ် ၂၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး ကျပ် ၁၇၀၀၀၀၊ ရောင်းဈေး ကျပ် ၁၇၇၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်တွင် ဝယ်ဈေး ကျပ် ၁၀၀၀ ဈေးမြင့်ခဲ့သော်လည်း ရောင်းဈေး ကျပ် ၂၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ရောဓာတ်ဆီပါ ဈေးအနည်းငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။            မန္တလးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့် မြင့် ဒီဇယ်မှာဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ၉၃၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ကျပ် ၈၂၀ ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ကျပ် ၈၄၀ ၊ အောက်တိန်း(92)တစ်လီတာ ကျပ် ၈၆၀၊ ဓာတ်ဆီတစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်း ချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ နိုဝင်ဘာလ ၂၇ ရက်တွင်ဒီဇယ်ဝယ်ဈေးကျပ် ၁၆၇၀၀၀၊ ရောင်းဈေး ကျပ် ၁၇၀၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာတစ်ပတ်လုံးဒီဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ နိုဝင်ဘာ ၂၇ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၈၀၀၀၊ ရောင်းဈေးကျပ် ၁၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဈေး ငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ ယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေး ငြိမ်တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်လီတာဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ် ၊ အဆင်မြင့်ဒီဇယ် ၈၂၅ ကျပ် ၊ အောက်တိန်း(92) ကျပ် ၈၀၀၊ အောက် တိန်း (95) ကျပ် ၈၅၅ နဲ့ အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၃၈၀၀၊ အောက်တိန်း (92)တစ်ဂါလံ ကျပ်၃၆၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၉၀၀ နဲ့ အရော င်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများ မှာ ဒီဇယ်တစ်လီတာ ကျပ် ၈၀၀ ၊ အဆင့်မြင့်ဒီဇယ် ကျပ် ၈၂၀၊ အောက်တိန်း (92) ကျပ် ၈၁၀ ၊ အောက်တိန်း(95) ကျပ် ၉၃၀ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၇၅၀၊ အောက်တိန်း (92) တစ်ဂါလံ ကျပ် ၃၇၅၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT