Main menu

Background

ဒီတစ်ပတ်ဒီဇယ်အဝင်လျော့ပြီး ဓာတ်ဆီအဝင်ပို့

Thu, 12/14/2017 - 14:36 -- journal_editor

      နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ၂ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ၁၅၀၉၉၈၄၉ တန်ဖိုးရှိ ဒီဇယ် ၅၂၁၈၇ ဒသမ ၁၄ တန်နဲ့ အမေရိကန် ဒေါ်လာ၂၆၄၆၈၃၀၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၈၉၄၈ ဒသမ ၄၃ တန်၊ စုစုပေါင်း ၈၁၁၃၅ ဒသမ ၅၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92) နဲ့ အောက်တိန်း (95) တို့ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၇၈၃၆၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၄၉၄၁၀ ကျော်အဝင်လျော့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၂၄၅၉၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဓာတ် ဆီတန်ချိန် ၂၇၅၉၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်အဝင်လျော့ပြီး ဓာတ်ဆီအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ရက်သီတင်းပတ်အတွင်း နယ်စပ်စခန်းများဖြစ် တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၂၄၇၆၆၂ တန်ဖိုးရှိ ဒီဇယ်၄၆၉ ဒသမ ၈၆ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၅၅၂၀၈ တန်ဖိုးရှိ ဓာတ်ဆီ ၂၉၉ ဒသမ၄၃ တန်ကိုလည်းကောင်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ အမေရိကန်ဒေါ်လာ၁ ဒသမ ၃၈၃၈ တန်ဖိုးရှိ အဆင့်မြင့်ဒီဇယ်၂၈၁ တန်ကိုလည်းကောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၂၃၉၆၁၁၀ တန်ဖိုးရှိ ဒီဇယ်၄၇၆၇ ဒသမ ၈၆ တန်ကိုလည်းကောင်း တင်သွင်းခဲ့တယ် လို့ သိရပါတယ်။
        ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်နဲ့  အဆင့်မြင့်ဒီဇယ်က ဈေး ငြိမ်နေသော်လည်း အောက်တိန်း (92)နဲ့(95) မှာ ဈေးအန ည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်ကျပ် ၇၈၀၊ အောက်တိန်း (92) ၇၈၅ ကျပ်၊ အောက်တိန်း (95) ကျပ် ၈၂၅ ကျပ်၊ အဆင့်မြင့် ဒီ ဇယ် ကျပ် ၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာလ၄ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ်၁၆၂၀၀၀၊ ရောင်းဈေး ကျပ် ၁၆၆၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၈ရက်နေ့တွင် ဝယ်ဈေး ၊ရောင်းဈေး ကျပ် ၂၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ် ၁၇၂၀၀၀၊ ရောင်းဈေး ကျပ်၁၇၆၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ဝယ်ဈေး ၊ ရောင်းဈေး ကျပ် ၅၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် ဒီဇယ်ဈေးနည်းနည်းကျခဲ့ပေမယ့် ဓာတ်ဆီဈေးအနည်း ငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေး ကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊အောက်တိန်း(95) ဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိ က စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ၉၃၅ ကျပ် ၊  ဒီဇယ်တစ်လီတာ ၈၂၅ ကျပ် ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ကျပ် ၈၅၀ ၊ အောက်တိန်း(92)တစ်လီတာ ကျပ် ၈၆၀ ၊ ဓာတ်ဆီတစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။  ပြင်ပလက်လီဆိုင်များမှာ  အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာလ ၄ ရက်တွင်ဒီဇယ်ဝယ်ဈေးကျပ် ၁၆၉၀၀၀၊ ရောင်းဈေးကျပ် ၁၇၀၀၀၀ နဲ့အရောင်း အဝယ်ဖြစ် ခဲ့ရာ ဒီဇင်ဘာလ ၈ ရက်တွင်  ဝယ်ဈေး ကျပ် ၄၀၀၀၊ ရောင်းဈေး ကျပ် ၃၀၀၀ ဈေးကျ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ ဒီဇင်ဘာလ ၄ရက်တွင် ဝယ်ဈေး ကျပ် ၁၆၈၀၀၀၊ ရောင်းဈေးကျပ် ၁၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာလ ၈ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၅၀၀၀၊ ရောင်းဈေး ကျပ် ၁၆၈၀၀၀နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် ဒီဇယ်ရောဓာတ်ဆီပါဈေး နည်းနည်းကျလာတယ်လို့ သိရပါတယ်။
         မော်လမြိုင်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနည်းနည်းမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်လီတာ ဈေး များမှာ ဓာတ်ဆီ ၇၅၅ ကျပ် ၊ အဆင်မြင့်ဒီဇယ် ၈၄၅ ကျပ် ၊ အောက်တိန်း(92) ကျပ် ၈၃၀၊ အောက်တိန်း (95) ကျပ် ၈၇၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ် ဂါလံ ကျပ် ၃၈၀၀၊ အောက်တိန်း (92)တစ်ဂါလံ ကျပ်၃၇၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT