Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့

Tue, 02/06/2018 - 14:40 -- journal_editor

    ဇန်နဝါရီ ၂၁ ရက်မှ၂၇ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၇၇၄၇၈၃၄ တန်ဖိုးရှိ  ဓာတ်ဆီ ၃၂၅၉၂ ဒသမ ၃၆ တန်နဲ့ အမေရိကန် ဒေါ်လာ ၂၃၄၃၀၂၇၃ တန်ဖိုးရှိ ဒီဇယ် ၄၁၆၅၇ ဒသမ ၀၃ တန်၊ စုစုပေါင်း ၇၄၂၄၉ ဒသမ ၃၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ အောက်တိန်း (95) တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က  တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၉၆၈၉၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ တန်ချိန် ၅၅၂၃၀ ကျော် တင်သွင်းမှုလျော့နည်းပြီး ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၃၁၄၄၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဓာတ်ဆီတန်ချိန် ၁၁၀၀ ကျော်  ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ် ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့ခဲ့ပါတယ်။
          ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက် သီတင်းပတ်အတွင်း နယ်စပ်စခန်းဖြစ်တဲ့  မြိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၀၉၂၁၅ တန်ဖိုးရှိ ဒီဇယ် ၁၆၇၈ ဒသမ ၀၄ တန် ကိုတင်သွင်းခဲ့ပြီး ၊ မူဆယ်(၁၀၅)မိုင် ကုန်သွ ယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆၈၈ တန်ဖိုးရှိ Re-export ဒီဇယ် ၅၆၆၆ ဒသမ ၇၁ တန် တင်ပို့ခဲ့ တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေး နည်း နည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၈၄၀၊ အောက်တိန်း (92)ကျပ် ၈၁၀ ၊ အောက်တိန်း (95) ကျပ် ၈၅၀၊ အဆင့်မြင့်ဒီဇယ် ၈၅၅ ကျပ် နဲ့ အရောင်းအဝယ်ဖြစ် တယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ် နေတဲ့ ပီပါဈေးများမှာ ဇန်နဝါရီ ၂၉ ရက်မှာ ဒီဇယ် ဝယ်ဈေး ကျပ် ၁၆၃၀၀၀၊ ရောင်း ဈေး ကျပ် ၁၆၈၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၇၀၀၀၀၊ ရောင်းေ ဈး ကျပ် ၁၇၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဇန်နဝါရီ ၂၉ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ်၁၇၀၀၀၀၊ ရောင်းဈေး ကျပ် ၁၇၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ဝယ်ဈေး ကျပ် ၅၀၀၀၊ ရောင်းဈေး ကျပ် ၃၀၀၀ ဈေးြ ဖင့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ဈေးကျခဲ့ပြီး ဓာတ်ဆီဈေး အနည်းငယ်မြင့်ခဲ့ တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်မှာ ရောင်း ချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၆၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၈၈၀၊ အောက်တိန်း (92) ကျပ် ၈၇၀၊ အောက်တိန်း (95) ကျပ် ၁၀၁၀ နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။ ပြင်ပ လက် လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၈၀၀၊ အောက်တိန်း (92) တစ်ဂါလံ ကျပ် ၃၉၀၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT