Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၁၀၀၀၀၀ ကျော်ဝင်

Mon, 06/18/2018 - 10:36 -- journal_editor

မေ ၂၇ ရက်မှ ဇွန် ၂ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ၃၁၂၃၃၆၇၄ တန်ဖိုးရှိ ဓာတ်ဆီ ၅၁၈၄၆ ဒသမ ၂၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၄၄၂၉၄၈၅၅ တန်ဖိုးရှိ ဒီဇယ် ၆၉၄၂၆ ဒသမ ၁၉ တန်၊ စုစုပေါင်း ၁၂၁၂၇၂ ဒသမ ၄၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ယခင် သီတင်းပတ်က တင်သွင်းခဲ့ တဲ့ ဓာတ်ဆီတန်ချိန် ၃၃၂၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင်  တန်ချိန် ၁၈၆၄၀ ကျော် ပိုမိုတင် သွင်းခဲ့သလို ယခင်သီတင်းပတ်က တင်သွင်းခဲ့ တဲ့ ဒီဇယ်တန်ချိန် ၃၈၆၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၀၈၂၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ အဝင်ပိုခဲ့ပါတယ်။

နယ်စပ်စခန်းဖြစ်တဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ ၁၅၂၄၇၅၀ တန်ဖိုးရှိ အဆင့်မြင့်Re-exportဒီဇယ်တန်ချိန် ၁၅၀၊ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၈ သန်းတန်ဖိုးရှိ Re-exportဒီဇယ် ၄၈ ဒသမ ၇၁၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၉၂၀ ၊ အောက်တိန်း (၉၂) ကျပ် ၈၈၀၊ အောက်တိန်း (၉၅) ကျပ် ၉၃၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၉၃၀ နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ ပီပါ ဈေးများမှာ ဇွန် ၄ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၈၉၀၀၀၊ ရောင်းဈေး ကျပ် ၁၉၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန် ၈ ရက်တွင် ဝယ်ဈေး ကျပ် ၁၀၀၀၊ ရောင်းဈေး ကျပ် ၃၀၀၀နဲ့ ဈေးလျော့ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးက ဇွန် ၄ ရက်မှာ ဝယ်ဈေး ကျပ် ၁၈၀၀၀၀၊ ရောင်းဈေး ကျပ် ၁၈၂၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။     

မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ   ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း(၉၂)နဲ့ အောက်တိန်း (၉၅) ၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ  ဈေးငြိမ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများ မှာအောက်တိန်း (၉၅) တစ်လီတာ ကျပ် ၁၁၀၀၊ ဒီဇယ် တစ်လီတာ ကျပ် ၉၆၀၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ကျပ် ၉၇၀၊ အောက်တိန်း (၉၂) တစ်လီတာ ကျပ် ၉၆၀၊ ဓာတ်ဆီတစ်လီတာ ကျပ် ၈၄၀ နဲ့ ရောင်း ချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၄ ရက်တွင် ဒီဇယ်ဝယ်ဈေး ကျပ် ၁၉၁၀၀၀၊ ရောင်းဈေး ကျပ် ၁၉၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ အောက်တိန်း(၉၂) ဈေးမှာ ဇွန် ၄ ရက်တွင် ဝယ်ဈေး ကျပ် ၁၈၆၀၀၀၊ ရောင်းဈေး ကျပ် ၁၈၉၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီ ပါ ဈေးကျလာတယ်လို့ သိရပါတယ်။ 

မော်လမြိုင်ဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အဆင့်မြင့် ဒီဇယ်က ဈေးနည်းနည်းမြင့်လာပြီး  အောက်တိန်း (၉၅) နဲ့  အောက်တိန်း (၉၂)မှာ ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့တစ်လီတာ ဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ်၊ အဆင်မြင့်ဒီဇယ် ၉၅၅ ကျပ်၊ အောက်တိန်း(၉၂)  ကျပ် ၉၁၀၊ အောက်တိန်း (၉၅)ကျပ် ၉၅၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင် များမှာ ဓာတ်ဆီ တစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၄၃၀၀၊ အောက်တိန်း (၉၂) တစ်ဂါလံ ကျပ် ၄၁၀၀၊ အောက်တိန်း (၉၅) တစ်ဂါလံ ကျပ် ၄၃၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကြီးဈေးကွက်မှာအရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိကဆိုင် ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးများမှာ ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချ နေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် တစ် လီတာ ကျပ် ၉၆၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၉၈၀၊ အောက်တိန်း (၉၂) ကျပ် ၉၆၀၊ အောက်တိန်း (၉၅) ၁၀၈၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာ ဒီဇယ် တစ်ဂါလံ ကျပ် ၄၃၀၀၊ အောက်တိန်း (၉၂) တစ်ဂါလံ ကျပ် ၄၃၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

MIRT-DOT