ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း အရောင်းဝယ်ဖြစ်နေလျှက်ရှိသော စက်သုံးဆီ ဈေးနှုန်းမှာ ယခုလ ဒုတိယအပတ်တွင် ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် ကျပ်၂၃၀၀ ဈေးပေါက်ပြီး ယခင်လဒုတိယအပတ်နှင့်နှိုင်းယှဉ်ရပါက ပျှမ်းမျှ တစ်ဂါလံလျှင်ကျပ် ၁၀၀ နှုန်းဖြင့် ဈေးကျလျက်ရှိကြောင်း၊ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်ကျပ်၂၃၀၀ဈေးပေါက်ပြီးယခင်လဒုတိယအပတ်နှင့်နှိုင်းယှဉ်ရပါကပျှမ်းမျှတစ်ဂါလံလျှင်ကျပ် ၃၀၀ နှုန်းဖြင့်ဈေးနှုန်းကျဆင်းလျက်ရှိပါကြောင်း၊ ဒီဇယ်ပရီမီယမ်တစ်ဂါလံလျှင် ကျပ်၂၄၃၀ ဈေးပေါက်ပြီး ယခင်လဒုတိယအပတ်နှင့်နှိုင်းယှဉ်ရပါက ပျှမ်းမျှတစ်ဂါလံလျှင် ကျပ် ၃၀ နှုန်းဖြင့် ဈေးတက်ပါကြောင်း၊ ဓါတ်ဆီ(92) တစ်ဂါလံလျှင် ကျပ်၂၃၃၀ ဈေးပေါက်ပြီး ယခင်လ ဒုတိယအပတ်နှင့်နှိုင်းယှဉ်ရပါက ဈေးနှုန်းတည်ငြိမ်နေလျက်ရှိပါကြောင်း၊ ဓါတ်ဆီ (95)တစ်ဂါလံလျှင်ကျပ်၂၆၃၀ ဈေးပေါက်ပြီး ယခင်လဒုတိယအပတ်နှင့်နှိုင်းယှဉ်ရပါက ပျှမ်းမျှတစ်ဂါလံလျှင်ကျပ် ၁၃၇ နှုန်းဖြင့် ဈေးနှုန်းကျဆင်းလျက် ရှိပါကြောင်း ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။
အေးအေးမော်(ကယား)