Main menu

Background

ယခုတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အ၀င်လျော့

Thu, 12/03/2020 - 15:04 -- journal_editor

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၀၆၁၈၆၃၇ တန်ဖိုးရှိ ဓာတ်ဆီ ၃၀၁၂၀ဒသမ ၆၀ တန်နှင့် အမေရိကန်ဒေါ်လာ ၁၆၀၂၉၁၃၂ တန်ဖိုးရှိ ဒီဇယ် ၄၃၇၂၂ ဒသမ ၅၁ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၇၃၄၈၃ ဒသမ ၁၁ တန်ကိုပင်လယ်ရေကြောင်းလမ်း တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ်၆၅၈၃၇ ဒသမ ၆၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၂၁၁၅ ဒသမ ၁၄ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၅၃၀၄၃ ဒသမ ၈၄ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၂၂၉၂၃ ဒသမ ၂၄ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အ၀င်လျော့ခဲ့သည်။

သီတာဝင်း(DOT)