Main menu

Background

တရားမဝင် သယ်ဆောင်လာသော ဂြိုလ်တုစလောင်းဗန်း၊ ထိပ်ဖူး၊ ဂြိုလ်တုရုပ်သံဖမ်းစက်နှင့် စလောင်းဒေါက်များ သိမ်းဆည်းရမိ

Fri, 11/06/2015 - 18:45 -- journal_editor

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှု အောက်ရှိMobile Team  အဖွဲ့များအနေ ဖြင့် တရားမဝင် ကုန်သွယ်မှုတားဆီးရေး၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း များကို ဆောင်ရွက် လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ၁၈း၃၅ နာရီအချိန်တွင် မူဆယ်ကုန်သွယ်ရေးဇုန် ရှိ မူဆယ်ထုတ်နုတ်အင်အား မိုဘိုင်း တင်းမ်မှAsia World Toll Gate အနီး တွင် ယာဉ်အမှတ်၊9A/xxxx (Toyota)  ယာဉ်အား တားဆီးစစ်ဆေးရာ အကောက် ခွန်မဲ့ တင်ဆောင်လာသောDVD Player  များအပြင် ဂြိုလ်တုရုပ်သံဖမ်းစက် Satellite Receiver  ၁၀ခု  Antenna Cable ၄ ကီလို၊ ှSatellite Receiver Head ၁၀ခု၊ စုစုပေါင်း ခန့်မှန်း တန်ဖိုး ၂၂၅၀၀၀ ကျပ်အား စစ်ဆေးတွေ့ရှိ သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်း ဆည်း၍ မူဆယ် မြို့နယ်အကောက် ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပါ သည်။
အလားတူ မြဝတီ-ရန်ကုန် လမ်း ကြောင်းပေါ်ရှိ လှုပ်ရှား-၂ (ညောင်ခါး ရှည်) Mobile Team မှ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ၂၃း၁၀ နာရီအချိန်တွင်  မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာသည့် မန္တလာထွန်းခရီးသည်တင် မှန်လုံ ယာဉ် ပေါ်မှ ခရီးသည်ပစ္စည်းများအတွင်း သို ဝှက်တင်ဆောင်လာသော ဂြိုလ်တု စလောင်းဗန်း ၁၀၀ ခု၊ စလောင်းဒေါက် ၉၀ခု၊ ဂြိုလ်တုရုပ်သံဖမ်းစက် PSI Satellite Receiver  ၁၀၀ ခု၊ စလောင်း ထိပ်ဖူး ၁၀၀ ခု၊ စုစုပေါင်းခန် မှန်း တန်ဖိုး ၃၁၈၀၀၀၀ ကျပ်တို့အား စစ်ဆေးတွေ့ ရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်း ဆည်း၍ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် လှုပ်ရှား-၂ (ညောင်ခါးရှည်) မိုဘိုင်း တင်းမ်အဖွဲ့မှ ရတနာစိုး ခရီး သည်တင် မှန်လုံယာဉ်အမှတ်၊ 4G/3481  ယာဉ်ပေါ်မှ PSIစလောင်း ၁၀ ခုနှင့် စလောင်းဒေါက် ၁၀၀ ခု၊ စုစုပေါင်း တန်ဖိုး ၂၀၀၀၀၀၀ ကျပ်အားလည်း ကောင်း၊ အာကာသ ခရီးသည်တင်မှန်လုံ ယာဉ်အမှတ်၊6C/2180 ယာဉ်ပေါ်မှ PSI ဂြိုလ်တုစလောင်း ၁၀၀ ခု၊ ထိပ်ဖူး ၁၀၀ ခု၊ စလောင်းဒေါက် ၁၀၀ခု၊ ဂြိုလ်တုရုပ်သံ ဖမ်းစက် atellite Receiver ၇၀ ခု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ၃၇၀၀ç ၀၀၀ ကျပ်တို့အား လည်းကောင်း လုပ်ထုံး လုပ်နည်းနှင့်အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်း၍ အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။