Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 11/20/2023 - 11:20 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၁၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၈၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁  ဒသမ ၃၉၈ သန်းဖြစ်ပြီး  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၄၁ သန်း နှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၄ သန်း  ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၀၅ သန်း ပိုမိုခဲ့ကြောင်းသိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက်ပိုမိုရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် တင်ပို့မှု လျော့နည်းခဲ့သော်လည်း လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု (ကြက်သွန်နီ၊ ငရုတ်သီး ခြောက်၊ ဂေါ်ဖီထုပ်နှင့် ပြောင်းကြိတ်ဖတ်မှုန့်)  သတ္တုတွင်းထွက်ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းများ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ယခင်ပတ်ထက် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ တင်သွင်းမှုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၃ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၅၃၉ သန်းနှင့် လူသုံးကုန်ပစ္စည်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၉၂ သန်း တင်သွင်းမှု ပိုမိုခဲ့ခြင်းဖြစ်သည်။                                      

 

အိမ့် (DOT)