Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 12/04/2023 - 11:46 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလလုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသုည ဒသမ ၃၈၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃၆ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၂၁ သန်းဖြစ်ပြီး  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသ မ၁၄၇ သန်းလျော့နည်းပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒ သမ ၃၁၇ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၇၀ သန်း ပိုမိုကြောင်းသိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် Manganese Dioxide ပလတ်စတစ်ဖြတ်စ ပိုမိုတင်ပို့ခဲ့သော် ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ရော်ဘာစေး၊ ဆီးဆန်၊ ထောပတ်သီး၊ စက္ကူဖြတ်စ၊ အလူမီနီယမ်ဖြတ်စ လျော့နည်းတင်ပို့ခဲ့ခြင်းကြောင့် ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် လျော့နည်းခြင်းဖြစ်သည်။သွင်းကုန်ပိုင်း၌ ယခုတစ်ပတ်တွင် ရေနံထွက်ပစ္စည်းများ၊ အခြားစက္ကူများ၊ ဆပ်ပြာများ လျော့နည်းတင်သွင်းခဲ့သော်လည်း ဘိလပ်မြေ၊ စက်နှင့် စက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။

အိမ့် (DOT)