Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ရေထွက်ကုန်ပိုမိုတင်ပို့

Fri, 11/06/2015 - 18:46 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၁၇ ရက်မှ ၂၃ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၅၈၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၅၆၆၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၆၈၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၁၇၀ သန်း တန်ဖိုးရှိ ရေထွက် ကုန်များဖြစ်သော ငါးမျိုးစုံ တန် ၈၀ ကျော်၊ ကဏန်း ၃၂ တန်ကျော်နဲ့ ပုစွန် ၃ တန်ကျော်တင်ပို့ နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၄၆ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ် ။ကော့သောင်း ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၉၁၇ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ် တဲ့ငါးမျိုးစုံ ၂၀၉၁ တန်ခန့်၊ ကင်းမွန် ၆၆ တန်ခန့်၊ အခြား ရေထွက်ပစ္စည်း ၉၆ တန်ခန့် ပုစွန် ၃ တန်ကျော်၊ ပင်လယ် ငါးရှဉ့် ၄ တန်ခန့် ၊ ကဏန်း ၁ တန်ကျော် နဲ့ ရေဘဝဲ ၅၁၁ ကီလိုခန့်တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက ၁၁၇၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်း မှ ကန် ဒေါ်လာ ၃ ဒသမ ၄၉၃ သန်းတန်ဖိုး ရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၄၀၁ တန်ကျော်၊ ပုစွန် ၁၁၉ တန် ကျော်၊ငါးမှုန့် တန် ၇၂၀၊ကင်းမွန် အခွံချွတ် ၅၁ တန်ခန့် ကဏန်းပျော့တန် ၂၀ ကျော်၊အေးခဲအသားလွှာ ၄၈ တန်၊ ကဏန်းနီ ၁၄ တန်ကျော်၊ငါးခြောက် ၄ တန်ကျော်၊ပုစွန်ခြောက် ၂ တန်ကျော်၊ ကင်းမွန် ၅ တန်ကျော်နဲ့ သဲကဏန်း ၃၄၀ ကီလိုဂရမ် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၆၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
    ခင်မြနွယ်